မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Saturday, June 27, 2015

Google Play Store မှာ “No Connection – Retry” ဆိုတာကိုဖြေရှင်းဖို.နည်းလမ်းများ



ဒီပြသနာကတော.Android User အတော်များများကြုံဖူးကြလိမ်.မယ်ထင်ပါတယ်..။ Play Store ကို ၀င်တဲ.အခါမှာ “No Connection – Retry” ဆိုတဲ. Error message ကို ပဲတွေ.ပြီး Play Store ကို ၀င်လို. မရတာကိုပေါ...။တစ်ခြား Application တွေ ( Facebook / Chat / Browser )တွေအား လုံးကောင်းမွန်စွာ အလုပ်လုပ်နေပြီး Play Store တစ်ခုထဲသာလျှင် ဝင်မရတဲ.ပြသနာပေါ..။ ကျွန်တော်. ဖုန်းမှာကြုံ လာတာနဲ. အမျိုးမျိုးဖြေရှင်းကြည်.တယ်..။ဖုန်းကို Restart ချတယ်။ VPN / DNS Server တွေ Change တယ်..။ Internet Connection ကို Wifi နဲ. Mobile Data Connection အမျိုးမျိုးပြောင်း သုံးကြည်.တယ်..။
ရှာဖွေလေတွေ.ရှိလေပေါ.နော်..။ ဘော်ဘော်တို.လည်းကြုံလာခဲ.ရင်အောက်ပါ နည်းတွေအတိုင်းဖြေရှင်း ကြည်.ပါ..။ တစ်နည်းမဟုတ် တစ်နည်းနဲ.တော.ပြေလည်သွားလိမ်.မယ်လို. လုံးဝယုံကြည်ပါတယ်..။

Tuesday, June 23, 2015

ဖုန်း Service တို့အတွက် CWM Chinese စာတွေကို English ဘာသာပြန်

 
ဖုန်း Service သမားတို့အတွက်  CWM Chinese စာတွေကို English ဘာသာပြန်ဖြစ်ပါတယ်ခင်ဗျာ....
CWM က Chinese စာတွေနဲ့မို့ ဘယ်တစ်ခုနှိပ်ရမှန်းမသိ ဖြစ်နေရင် အောက်ကဘာသာပြန်
ထားတာလေးကြည့်ပြီး ရဲရဲသာ နှိပ်ပလိုက်တော့...CWM Chinese စာတွေကို English ဘာသာပြန်ထားတဲ့
ရေနီသားဖြိုးလေးကိုcredit ပေးပါတယ်ခင်ဗျာ.......အောက်မှာလေ့လာနိုင်ပါတယ်ခင်ဗျာ....
အဆင်ပြေကြပါစေ....


Monday, June 22, 2015

Sony Xperia ရဲ့နောက်ဆုံး Lollipop Firmware များစုစည်းမှု

  XperiaLogo_leftcol

Sony ရဲ့ နာမည်ကျော် Xperia Series Smart Phone တွေအတွက်
Latest Build Number Firmware တွေကို တင်ပေးလိုက်ပါတယ်ခင်ဗျာ.....
နောက်ဆုးံ Lollipop Firmware လေးတွေနဲ့လန်းနိုင်ပါစေဗျာ....
အောက်မှာဒေါင်းလော့ရယူလိုက်ပါခင်ဗျာ........

မိမိဖုန်းထဲမှာ Facebook အကောက်နှစ်သုံးခု အသုံးပြုနိုင်မယ့် Apk

              
    မင်္ဂလာပါခင်ဗျာ......
   ဒီတစ်ခါကျနော်ပြန်လည်မျှဝေချင်တာလေးကတော့  FBချစ်ပရိတ်ကြီးတွေအထူးလက်ဆောင်လေးဖြစ်ပါတယ်ခင်ဗျား။                                                   
  ဒီ Apk လေးကတော့ မိမိဖုန်းမှာ အင်စတောလည်းလုပ်ထားရုပ်နဲ့ အကောက်နှစ်ခု သုံးခု ၀င်ပြီး
 အပီကဲလို့ရမှာဖြစ်ပါကြောင်းခင်ဗျား...။   ဒီနေရာမှာ မိမိအတွက်တကယ် လိုအပ်မယ့်အသုံးတည့်မယ့် အားလုံးအတွက် အကျိုးပြုပေးမယ့်လူသားအကျိုးပြု လူကြိုက်အများဆုံးFacebook အကောက်လေးတွေ ဖြစ်ခဲ့ကြရင်တော့  ပိုကောင်းလိမ့်မယ်လို့ မျှော့်လင့်ပါတယ်။ကဲဗျာ အကောက်နှစ်ခု သုံးခုကို တစ်ပြိုင်တည်းနဲ့ဝင်ပြီး အသုံးပြုနိုင်မယ့် နည်းလမ်းလေးကိုဆရာ ကိုဇော်သွင်ရဲ့ နည်းလမ်းကို အောက်မှာ လေ့လာကြည့်လိုက်ပါခင်ဗျာ......။


COC ကို Auto ကစားခိုင်းထားမယ် (COC/Clash Of Clans Robot For Android/APK FREE)




COC ကို Auto ကစားခိုင်းထားမယ် (COC/Clash Of Clans Robot For Android/APK FREE) ဆိုတဲ့
COC သမားတွေအတွက် Application ကောင်းလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာ...  ဒါလေးကတော့ COC ကိုရူးသွပ်သူတွေအတွက် အသုံးဝင်မယ်ထင်လို့ ရေးပေးလိုက်တာပါ.. ဒီကောင်လေးကတော့ coc ကိုကစားဖို့ပျင်းတဲ့အခါပဲဖြစ်ဖြစ်.. မအားတဲ့အခါပဲဖြစ်ဖြစ် .. သူက auto ကစားပေးမှာဖြစ်ပါတယ်. ဒါပေမဲ့ Trial အနေနဲ့ တစ်နာရီသာ ကစားခွင့်ရပြီးတော့ အချိန်ပြည့်ကစားချင်ရင်တော့ ဝယ်ယူရမှာဖြစ်ပါတယ်.. နာရီအနည်းငယ်အတွက်ကတော့ အကောင့်အသစ်တွေ ဖွင့်ပြီးတော့ ကြိုးစားနိုင်ပါတယ်.. အကောင့်အသစ် တစ်ခါဖွင့်တိုင်း တစ်နာရီ Free ခိုင်းလို့ရပါတယ်......

လက်ကလေးနဲ့ ယမ်းလိုက်တာနဲ့ဖုန်း ဖွင့်ပိတ်လုပ်ချင်သူများ အတွက်


Wave unlock ဆိုတာ ဖုန်းအဖွင့်အပိတ်လုပ်တဲ့ အခါ power နှိပ်ပြီး ပိတ်စရာမလိုဘူး ဖွင့်စရာမလိုဘူး လက်ကလေးတစ်ချက်ယမ်းလိုက်တာနဲ့ဖွင့်ပိတ်ပေးမဲ့ apk လေးပါခင်ဗျာ.....
အသုးံပြုချင်ရင်တော့အောက်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျာ.....

ဖုန်းService သမားများအတွက်မရှိမဖြစ်ဆောင်ထားသင့်တဲ့ UNI Android Tools




ဖုန်းService သမားများအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ UNI Android Tools ဆိုတဲ့ Tool လေးပါခင်ဗျာ.....
UNI Android Tools ရဲ့လုပ်ဆောင်ချက်တွေကတော့  အောက်ပါအတိုင်းပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။


  • Recovery Mode
  • Download Mode, 
  • Reset 
  • Gmail,Bypass 
  • Pattern Lock,
  • Wipe Data,
  • Root,
  • Unroot,
  • Apk Install စသည့်တို့ အပြင် တစ်ခြားလုပ်ဆောင်ချက်တွေကို အလွယ် တစ်ကူ ပြုလုပ်နိုင်ပါတယ်။

လိုအပ် သူများအောက်ကလင့်မှာဒေါင်းယူနိုင်ပါတယ်ခင်ဗျာ....

နောက်ဆုံးပေါ် PC Root Tool များစုစည်းမှု

Android ဖုန်းတွေ အတွက် root လုပ်ရန်အဆင်ပြေစေမယ့်နောက်ဆုံးပေါ် root tool
များကို စုစည်းဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ....
                                               
                                                TTRoot

 
 
VRoot/IRoot
 
Download vRoot 1.8.5.15185 Mirror

DooMLoRD_Easy-Rooting-Toolkit_v17 (Xperai Z,Zl,Ztablet)
King Root
 
 Kingroot PC  


Kingroot PC Download
 
 
အဆင်ပြေကြပါစေ၊ကြိုးစားလျက်
 
sai kyaw zin myint(လွိုင်ကော်နည်းပညာစုစည်းမှု)
 
သက်ဆိုင်သူများကို credit ပေးပါသည်။ 

China Tablet များ firmware ရေးနည်း

China Tablet များ firmware ရေးနည်းမသိသေးသူများအတွက် firmware ရေးနည်းလေးပါခင်ဗျာ....
ဆိုင်တော်တော်ပုံမှန်အတွေ့များတဲ့ Tablet အမျိုးအစားတွေကတော့ MoMo , ONDA,China Samsung Galaxy, တွေပါ အပြင်နောက်ထပ် အမျိုးအစား ပေါင်စုံကို တွေ့နိုင်ပါတယ်။
Tablet တွေမှာ Model အမျိုးအစား တွေကွဲလွဲနေသလို သူတို့ရဲ့ CPU အမျိုးအစားတွေဖြစ်တဲ့ A10,A13,A23 ဆိုပြီးတော့ ကွဲပြားခြားနားသော်လည်း ရေးပုံရေးနည်းကတော့ အကုန်းလုံးနီးပါတူညီနေတက်ပါတယ်။
Tablet Firmware ရေးတော့မယ်ဆို ပထမဆုံး အခက်အခဲကတော့
(၁)ဘယ် Firmware နဲ့ရေးမှာလဲ။
(၂)ကိုယ်ဆီမှာ ရှိတယ်ဆိုရင်တောင် ဘယ်လိုရေးရမလဲ။
(၃)File ကောမှန်ရဲ့လား ဆိုတာလေးတွေကော တွေးမိကြမယ်ထင်ပါတယ်။
Model ရှိပြီးသား Tablet တွေကတော့ အခဲအခဲ မရှိပင်မဲ တစ်ကယ်လို့သာ နာမူနာပြထားတဲ့ tablet တွေကတော့ china ကလာတဲ့ samsung နာမည်ခံ Tablet တွေဆိုရင်တော့ စဉ်းစားရ ကြပ်မယ်လို့ ထင်ပါတယ်။သိပ်တော့ စိတ်ပူစရာ မရှိပါဘူး။

Sunday, June 21, 2015

Keyboard Style 10 မျိုးနဲ့ Function များစွာ ပါဝင်ပါတဲ့ Bagan Keyboard (Activated)

                           

မင်္ဂလာပါ...
အခုတလော Bagan Keyboard လေး ခတ်စားလာလို.Keyboard style 10 မျိုးနဲ
့ Function များစွာ ပါဝင်ပါတဲ့ Bagan Keyboard လေးကိုတင်ပေးလိုက်ပါတယ် ခင်ဗျာ.....
 အခု Bagan Keyboard ကို Activated လုပ်ပြီးသားပါ Code တောင်းစရာမလိုပါ..... အသုးံပြုချင်ရင်တော့အောက်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျာ....... 

Tuesday, June 16, 2015

huawei lastest firmware

huawei lastest firmware



Huawei lasted firmware collection ပါ အားလုးံကိုတစ်စုတစ်တည်းတင်ပေးလိုက်ပါတယ်ခင်ဗျာ....
သက်ဆိုင်သူများကို credit ပေးပါတယ်ခင်ဗျာ.......အောက်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျာ....


Saturday, June 13, 2015

Vivo save brick firmware collection

 Vivo save brick firmware collection လေးပါခင်ဗျာ...Susutun site ကနေမလာတာပါ။
Vivo firmware ရှာဖို့ခက်ခဲသူတွေအတွက်အဆင်ပြေအောင်ပြန်လည် မျှဝေပေးလိုက်ပါတယ်.......
မူရင်းလင့်ကိုပဲတင်ပေးထားပါတယ်ခင်ဗျာ.......အောက်မှာဒေါင်းလော့ရယူလိုက်ပါခင်ဗျာ...

Friday, June 12, 2015

Android Phone မှ recovery.img နဲ့ boot.img တွေကို Backup ထုတ်နည်း



Cover art
မိမိတို့ရဲ့ Android Device ကနေပြီး recovery.img နဲ့ boot.img တွေကို Bakup လုပ်နည်းလေးပါခင်ဗျာ.....
  Stock Firmware ရဲ့ recovery နဲ့ boot img ကိုဒီနည်းလေးနဲ back up့ ယူထားနိုင်ပါတယ်..... 


တကယ်လိုအပ်ရင် recovery နဲ့ boot img တို့ဆိုတာရှာရတာ အရမ်းကိုခက်ခဲပါတယ်......
ဒီနည်းလေးနဲ့လဲ backup ယူထားနိုင်ပါတယ်.......

ဒီနည်းလေးအတိုင်း Backup ယူဖို့အတွက်ကတော့ မိမိတို့ရဲ့ ဖုန်းက Root ထားရပါမယ်......
ပြီးရင် အောက်မှာ ပေးထားတဲ့ Terminal Emulator ခေါ်တဲ့ ဆော့ဝဲလ်လေးကိုဒေါင်းပြီး ဖုန်းမှာအင်စတောလုပ်ပါ...

Thursday, June 11, 2015

Android version 5.0 နဲ့ အထက်ဖုန်းတွေမှာ Zawgyi ဖောင့်ပြောင်းရန်အတွက် Lolli Zwpaer






ခုနောက်ပိုင်း  Version 5.0 နဲ့ အထက် မြန်မာစာ အဆင်မပြေသူများအတွက်   မြန်မာစာ အဆင်ပြေစေမဲ့
Lolli Zwpaer ဆိုတဲ့ Tool လေးကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ....
ဒီ Tool ရေးသားသူမှာ MMSD မှ ကိုဖြိုးချမ်း ဖြစ်ပါတယ်။
ဒီTool ကို သုံးဖို့ အတွက် PC မှာ JaVa  ကို အရင်ဒေါင်းပြီ. အင်စတော့ လုပ်ထားရပါမယ်၊  အသုံးပြုချင်ရင်တော့အောက်မှာဒေါင်းလော့ရယူလိုက်ပါခင်ဗျာ.....

Monday, June 8, 2015

ကိုယ်ပိုင် logo လန်းလန်း လေးတွေဖန်းတီချင်တဲ့ဘော်ဒါတို့အတွက် logo factory




LogoFactoryApp - Logo Maker - screenshot thumbnailကဲဒီတစ်ခေါက်တင်ပေးမှာကတော့ ကိုယ်ပိုင် logo လေးတွေဖန်းတီချင်တဲ့ဘော်ဒါတို့အတွက် logo factory ဆို့တဲ့ app လေးပါခင်ဗျာ.....ဒီ app လေးနဲံ ဘော်ဒါတို့ဖုန်းမှာ logo လေးတွေကိုအလွယ်တကူ
နဲ့လှပအောင် ဖန်တီးနိုင်မှာဖြစ်ပါတယ်။အသုးံပြုဖို့အတွက် အင်တာနက်လိုင်းအတော်အသင့်၇ှိယုံနှင့်
အသုးံပြုနိုင်မှာဖြစ်ပါတယ်ခင်ဗျာ....အသုးံပြုချင်ရင်တော့အောက်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျာ...

Huawei C8813 GSM Network Changer

Huawei C8813 အတွက် GSM Network ကို One Click Tool နဲ့ Change ပေးမယ့် Tool လေးပါခင်ဗျာ..

Root Access ရှိမှ GSM Network ကို ချိန်းလို့ရပါမယ်။GSM Network ချိန်းလိုက်လို့ CDMA Network မတက်တဲ့ ကိစ္စလည်းမဖြစ်ပါဘူးခင်ဗျာ။CDMA ရော GSM ရော နှစ်မျိုးသုံးလို့ရပါတယ်။

C8813 တစ်မျိုးတည်းမှာသာ အသုံးပြုလို့ရပါမယ်ခင်ဗျာ။တခြားဖုန်းတွေမှာ အသုံးပြုရင် Firmware ကျနိုင်ပါတယ်။

GSM Network ချိန်းမယ်ဆိုရင် 1 ကိုရိုက်ပြီးတော့ Enter ကိုနှိပ်လိုက်ပါ။စက်က Reboot ကျပြီးတော့ ပြန်တက်လာရင် GSM Network သုံးလို့ရနေတာကို တွေ့ရပါမယ်။

ပြန်ထွက်ချင်ရင်တော့ 2 ကိုနှိပ်ပြီးတော့ Enter ကိုနှိပ်လိုက်ပါ။

အသုးံပြုချင်ရင်တော့အောက်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျာ....


Sunday, June 7, 2015

pin pattern lock ချပီး အလွန်မေ့တတ်သူများအတွက် ကြိုတင်ပြင်ဆင်ထားနည်း


 ဖုန်းမှာ ဘာညာသာတကာတွေထဲ့ထားလို့ သူများအလွယ်တကူ
ယူသုံးလို့မရအောင် pin pattern lock ချပီး အလွန်မေ့တတ်တဲ့ဘော်ဒါများအတွက် သတင်းကောင်းလေးပါ
ကြိုက်သလောက်မေ့ဗျာ ဘာမှပူစရာမလိုအောင် ကြိုတင်ပြင်ဆင်ထားနည်းလေးပါခင်ဗျာ......
ဒီနေ့တင်တဲ့ pin pattern မေ့သွားရင်emergency call ထည့်ပြီ ကြိုတင်ပြင်ဆင်ထားနည်း ဖော်ပြပေးခ.ဲတဲ့ဆရာမိုးညိုသားလေး ကိုအထူး credit ပေးပါတယ်....ပြုလုပ်နည်းကိုအောက်မှာလေ့လာနိုင်ပါတယ်ခင်ဗျာ.....


Mobile Service သမားများအကြိုက်တွေ့စေမဲ့ Software Driver Solo (By KoKoWynn)


Mobile Service   သမားများအကြိုက်တွေ့စေမယ့် Software လေးဖြစ်ပါတယ်
KoKoWynn မှစုစည်းပေးထားခြင်းဖြစ်ပါတယ်
..Software ကောင်းလေးမို့အောက်မှာအမြန်ဒေါင်းလိုက်ပါခင်ဗျာ......

SAMSUNG ဖုန်းအတု အစစ် ခွဲခြားနည်းလေးပါ

SAMSAUNG ဖုန်းအတုလားအစစ်လားမခွဲတတ်တဲ့ဘော်ဒါတို့အတွက်အတုအစစ်ခွဲနည်းလေးပါခင်ဗျာ....
.ဘော်ဒါတို့ SAMSAUNG ဖုန်းဝယ်ရင်အတုအစစ်ခွဲခြားနိုင်မဲ့လွယ်ကူတဲ့နည်းလမ်းလေးပါ....
SAMSAUNG ဖုန်းအတုတော်တော်များများဟာအစစ်နဲ့ခွဲလိုမရအောင်ဆင်တူပါတယ်
အဲ့ကြောင့် SAMSAUNG ဖုန်းအတုအစစ်ခွဲနည်းလေးကိုအောက်မှာလေ့လာလိုက်ပါခင်ဗျာ......




























စာအုပ်အဖြစ်သိမ်းချင်ရင်  ဒီမှာနှိပ်ပြီဒေါင်းပါ

           အဆင်ပြေကြပါစေ၊ကြိုးစားလျက်

                sai kyaw zin myint(လွိုင်ကော်နည်းပညာစုစည်းမှု)

Thursday, June 4, 2015

တက္ကသိုလ်​ဝင်​တန်း​အောင်​စာရင်းကြည့်​ရှူနိုင်​မည့်​ apk ​လေးပါ

တက္ကသိုလ်​ဝင်​တန်း​ဖြေဆိုပြီးကြတဲ့ကိုကိုမမ​တွေအတွက်​တက္ကသိုလ်​ဝင်​တန်း​အောင်​စာရင်းကြည့်​တဲ့ apk ​လေးပါခင်​ဗျာ.....တက္ကသိုလ်​​အောင်းစာရင်းကြည့်​ဖို့ခက်​ခဲတဲ့ကိုကိုမမ​တွေအတွက်​အဆင်​​ပြေမယ်​ထင်​ပါတယ်​ခင်​ဗျာ....​တက္ကသိုလ်​ဝင်​တန်း​အောင်​မြင်​ပြီး​ပျော်​ရွှင်​နိုင်​ကြပါ​စေလိုဆု​တောင်း​ပေးလိုက်​ပါတယ်​ခင်ဗျာ..........
၆.၆.၂၀၁၅ နေ့မှကြည့်ရှူနိုင်မှာဖြစ်ပါတယ်ခင်ဗျာ...Result ကို ကြည့်ရန် ပေါ်ဆုံးမှ Click Here Button ကို နှိပ်ပါ။စာ​မေးပွဲ​အောင်​စာရင်းကြည့်​ apk ကို​အောက်​မှာ​ဒေါင်း​လော့ရယူနိုင်​ပါတယ်​ခင်​ဗျာ.....

G730-C00 ဖုန်းများအတွက် IMEI error ကို ဖြေရှင်းပေးမယ့် Tool လေးပါ

G730-C00 ဖုန်းများအတွက် IMEI error ကို ဖြေရှင်းပေးမယ့် Tool လေးပါခင်ဗျာ....
G730-C00 ဖုန်းတွေမှာ IMEI error ဖြစ်လိုလိုင်းမတက်တဲ့ဖုန်းတွေမှာဒီ

BAT file တခုနဲ့  တင်  IMEI errorတွေကို လုံးဝပြသာနာရှိတော့မှာမဟုတ်ပါဘူး....
ကဲ ဒီToolလေးကို အသုံးပြုမယ်ဆိုရင် Rootရှိဖို့ တော့လိုပါတယ်ဘော်ဒါတို့  Rootလုပ်ထားတဲ့ ဖုန်းမှစမ်းသပ်နိုင်မှာပါDowလိုရလာတဲ့  zipဖိုင်ထဲက G730-C00ဆိုတဲ့ Toolလေးကိုဖွင့် ပါcomputerနဲ့ ဖုန်းကို ကြိုထိုးပြီး ချိပ်ဆက်လိုက်ပါ
ပြီးပါက G730-C00ဆိုတဲ့ toolလေးပေါ်လာရင်ခလုတ်တခုခုကိုနှိပ်ပေးပါ
autoလုပ်ဆောင်ပေးပါလိမ်မယ်ပါဝါကျပြီးပြန်တတ်လာရင်
အဆင်ပြေသွားပါပြီခင်ဗျာ......အသုးံပြုရန်အောက်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျာ.....

Wednesday, June 3, 2015

Email တစ်ခုကို Recovery လုပ်မယ်(2 Step ကျော်မယ်)

ကိုယ်ပိုင်ဆိုင်တဲ့ Email Account တစ်ခုကိုဖြစ်ဖြစ် ဒါမှမဟုတ်
သူငယ်ချင်းတစ်ယောက်ယောက်ရဲ့  Email ကိုပဲဖြစ်ဖြစ်
Password မေ့သွားလို့ ပြန်ပြီး Recovery လုပ်ယူမယ်ဆိုရင်
ဒီနည်းလမ်းအတိုင်းပြုလုပ်သွားဖို့ လိုပါတယ် တစ်ချို့ တွေအတွက်
သိပြီးသားဖြစ်နေနိုင်ပေမယ့် ဒီလို Recovery လုပ်နည်းကိုမသိသေးတဲ့
သူတွေလဲ အများကြီးရှိနေတာပါ ဒါကြောင့် Email Password
မေ့သွားလို့ ဖြစ်ဖြစ် Account Hacked လုပ်ခံရလို့ ပဲဖြစ်ဖြစ်
ဒီနည်းလေးနဲ့ Recovery လုပ်ကြည့်ပြီးမိမိအကောင့်ကိုပြန်လည်
ရယူနိုင်ကြပါစေဗျာ။
ဒီနေရာမှာ အရေးအကြီးဆုံးကကိုယ်Recovery လုပ်မည့် Email ရဲ့ 
အချက်အလက်တွေကို ပြည့်ပြည့်စုံစုံသိရှိထားဖို့ လိုပါတယ်
Gmail Help Center ကနေ မေးခွန်းတွေများစွာ အဆင့်ဆင့်မေးမြန်း
ပါလိမ့်မယ် မေးထားတဲ့မေးခွန်းတွေကို အားလုံးနီးပါ မဖြေနိုင်ရင်တောင်
ကိုယ်မှတ်မိသလောက်နဲ အနီးစပ်ဆုံးဖြေနိုင်ရင်
၁၀ခုမေး ၇ခုကနေ
၈ခုလောက်ထိ ဖြေနိုင်တယ်ဆိုရင်ကို ပြန်ရဖို့ အခြေအနေရှိပါတယ်။
ကဲအဲ့ဒါဆိုစပြီးတော့ Recovery လုပ်ကြရအောင်။

-ုပြုလုပ်နည်းစာအုပ်အားအောက်ကလင့်ခ်မှာ
ဒေါင်းလုပ်ဆွဲယူပြီးလေ့လာဖတ်ရှုနိုင်ပါတယ်ခင်ဗျာ......
             

ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားသင့်သောအကြောင်းအရာများ

ဟန်းဆက်များကို အသုံးပြုခြင်းဖြင့် လိုင်းစွဲအား ကောင်းတာ ကိုပဲ သိထားကြပြီး အများစုက သူ့ဆီက ပါလာမယ့် ဆိုးကျိုးအကျိုးဆက်ကို သိမထားပါဘူး။ အဲ့ဒီအကျိုးဆက်များထဲကနေ ကျန်းမာရေးကို ထိခိုက်စေ တာက အဆိုးဆုံးပဲ ဖြစ်ပါတယ်။ SAR လို့ခေါ်တဲ့ အချက် တစ်ခုပါ။
Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက် ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက် ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။
ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။
တရုတ်ပြည်က လာတဲ့ ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ သေချာ ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ ဈေးနှုန်းနိမ့် ဖုန်းများ၊ ကလုန်းများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါ သီသီ ရှိတော့ Apple က iPhone 6 စတင်မိတ် ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။
SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယို လှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာ ပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထား အိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။
SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲ အား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက မော်ဒယ်နိမ့် ကီးပတ်ပါ စမတ်ဖုန်းများလောက် အများ အားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါ တယ်။
ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါ တယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံ ကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။
ဒီတော့ ဖုန်းဝယ်ရင် ယုံကြည်စိတ်ချရတဲ့ ကမ္ဘာသုံး Brand များကို သာ ရွေးချယ်လို့ ဝယ်သင့်ပါတယ်။ ဈေးမသက် သာရင်တောင် ဈေးမကြီးတဲ့ ဖုန်းတွေ အများကြီး ရှိပါတယ်။ ဥပမာ နိုကီယာ၊ ZTE အပြင် အခြားသော Brand အချို့လည်း ဈေးနည်းဖုန်း ဈေးကွက် အတွက် ဖုန်းများထုတ်ပါသေး တယ်။
ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင်မယ် လို့ မျှော်လင့်ပါတယ်။
--

           အဆင်ပြေကြပါစေ၊ကြိုးစားလျက်

              sai kyaw zin myint(လွိုင်ကော်နည်းပညာစုစည်းမှု)

ဖုန်း service မ်ျးအတွက်အသုံးတည့်သော ADB Command များ Useful ADB Commands များ

ဖုန်း service မ်ျးအတွက်အသုံးတည့်သော ADB Command များ Useful ADB Commands များဖြစ်ပါတယ်ခင်ဗျာ.....

ADB Command နဲ့ လုပ်ဆောင်နိုင်တဲ့အချက်များကတော့-

-device ကို သိမသိစစ်ခြင်း
-device က root acess ရမရ
-device ထဲကိုဆော့ဝဲသွင်း /ဖျက်
-device ထဲကို ကွန်ပျူတာကနေ ဖိုင်လှမ်းသွင်း
device ထဲကဖိုင်တွေကိုကွန်ပျူတာထဲကိုလှမ်းထုတ်
-Partition အစိတ်အပိုင်းများကိုကြည့်ရှုခြင်း
နှင့် အခြားကိစ္စရပ်များစွာအတွက်အသုံးပြုနိုင်ပါတယ်။

ကဲ ဒါဆိုရင် အဲဒီ Command Line များအကြောင်းကိုသိချင်လာရောပေါ့.. အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်..

ဖုန်းထဲကနေ ဒေါင်းချင်ရာအားလုံးမြန်ဆန်စွာဒေါင်းယူနိုင်မယ့် - Advanced Download Manager Pro

Cover art
ဒီ Download Manager လေးကိုတော့ ဘော်ဒါတို့အားလုံးသိပြီးသားပါ။ အခု Version အသစ် ထွက်လာ လို့တင်ပေးလိုက်ပါတယ်ခင်ဗျာ။ မိမိလိုချင်တဲ့ Data များအားလုံးကို လွယ်ကူစွာမြန်ဆန်စွာနဲ့ဒေါင်း ယူပေးနိုင် မှာဖြစ်ပါတယ်ဗျာ။သူငယ်ချင်းတို့ဖုန်းထဲမှာဒါလေးကို install လုပ်ထားဖြင်းဖြင့် မည့်သည့် ဖိုင်ကိုမ ဆိုလွယ် ကူစွာ ဒေါင်းလော့စ်ပြုလုပ်နိုင်သည့်အပြင် Youtube,Facebook နှင့်ရုပ်ရှင်ဝက်ဆိုဒ်တွေပါမကျန် ဇာတ်ကား များကိုလျှင်မြန်သော Speed ဖြင့်ဒေါင်းလော့စ်ချပေးသော App လေးဖြစ်ပါတယ်။ Resume ပါရတဲ့အတွက် အချိန်မရွေး ပြန်လည်ဒေါင်းယူနိုင်ပါတယ်။ ဒေါင်းပြီးသားဖိုင်များကိုလည်း SD card ထဲသို့ တိုက်ရိုက် save လုပ်ပေးထားနိုင်ပါတယ်။ Android OS 4.0 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါ တယ်ခင်ဗျာ...အသုးပြုရန်အောက်မှာဒေါင်းလော့ရယူလိုက်ပါခင်ဗျာ....

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......