မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...
Sunday, September 27, 2015
coolpad 8071 no errorဲ့ firmware(100%)
Image result for coolpad 8071
✔မင်္ဂလာပါခင်ဗျာ✔
 coolpad 8071 no error 100%့ဲ firmware လေးဖြစ်ပါတယ်ခင်ဗျာ...
စမ်းသပ်ထားတဲ့အလုးံတိုင်းအောင်မြင်ပြီးဖြစ်ပါတယ်...
Power နိုးရင် vibrate တုန်ခြင်း firmware ရေးရင်း system မှ ဆက်မတက်လာခြင်းများအတွက်
အဆင်ပြေစေမှာ ဖြစ်ပါတယ်
firmware file သဘောတရားကို ရှင်းပြတဲ့
ဆ၇ာ ၇ဲသွေး(မြတ်သွယ် MOBILE) ကို
အထူးကျေးဇူးတင်၇ှိပါတယ်
ခုမှ လေ့လာဆဲဖြစ်သည့် အတွက် လိုအပ်သည်များကို
ဖြည့်စွက်နားလည်ပေးနိုင်မယ် လို့ မျှော်လင့်ပါတယ်
အသုံးပြုချင်လျှင် အောက်တွင် download ရယူနိုင်ပါသည် ခင်ဗျာ..
Tuesday, September 15, 2015
✔ကွန်ပြူတာ Notepad မှ မြန်မာစာ သိမ်းချင်တဲ့ သူတွေအတွက် မြန်မာစာပေါ်အောင် ဒီနည်းလေး ကို ကြည့်လိုက်ပါ ✔
✔မင်္ဂလာပါခင်ဗျာ✔ 
ကွန်ပြူတာသုံးတဲ့ သူတိုင်း ဟာ Website တွေထဲက စာတွေ, ကဗျာ တွေ ပြီးတော့ လင့်တွေကို Notepad ထဲမှာ သိမ်းကြပါတယ်။ အခု မြန်မာစာကို Notepad ထဲမှာ သိမ်းရန် Save ပြီးတိုင်း ပုံကလို ???? ပဲ ပေါ်နေတဲ့ သူငယ်ချင်းတွေအတွက် ဖြေရှင်းနည်းလေး ဖြစ်ပါတယ်။ လူတိုင်း နီးပါ ဒါကို ဒီနည်းသိပြီကြမယ်ထင်ပါတယ်။ 
အခုမှ စသုံးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဒီနည်းလေးရေးတင်ပေးလိုက်တာပါ။ မေးလာကြတာလည်း များလာလို့ အလွယ် ကြည့်နိုင်အောင် ဒီနည်းလေးတင်ပေးလိုက်တာပါ။ ကွန်ပြူတာ သုံးသူတိုင်း လူတိုင်း ဖြစ်မနေ Notepad ကို အသုံးပြုရတာပါ။ အောက်မှာ ပုံနှင့်တကွ သေချာလေး ပြထားပေးပါတယ်။ အားလုံး နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အရင်ဆုံး မိမိကွန်ပြူတာရဲ့ Dasktop နေရာလွတ်တခုခုကို Right Click ထောက်လိုက်ပြီး အောက်ကပုံကို ကြည့်လိုက်ပါ။ 
✔ဖုန်းတွေမှာ အကောင်းဆုံး Launcher တစ်ခုဖြစ်တဲ့-Next Launcher 3D Shell v3.7.1.1 Apk ✔
✔မင်္ဂလာပါခင်ဗျာ✔ 
ဖုန်းကိုင်ဆောင်သူတွေအတွက်အကောင်းဆုးံ  Launcher လေးဖြစ်တဲ့Next Launcher 3D Shell 3.22 Apk အသစ် Version လေးကိုတင်ပေးလိုက်ပါတယ်ဒီကောင်လေးကိုတော့အားလုံးလည်း သုံးဖူးကြပြီးသားဖြစ်မှာပါ။အဲ့ဒါကြောင့်အထူးလည်မိတ်ဆက်ပေးစရာမလိုတော့ဘူးလို့ထင်ပါတယ်။ ရုပ်ထွက်နဲ့ ဒီဇိုင်းကတော့ ပြောနေစရာမလိုလောက်အောင် အားလုံးက သိပြီးသားဖြစ်နေမှာမို့လို့ ထပ်ပြီးပြောပြစရာမလိုလောက်ဘူးထင်ပါတယ်။အသုံးပြုလိုသူတွေအတွက် android version 2.2နဲ့အထက်မှာ ရှိရုံနဲ့ ကောင်းမွန်စွာအသုံးပြုနိုင်ပါပြီဗျာ။ အောက်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျာ..
Sunday, September 13, 2015
✔DU Battery Saver Pro v3.9.9.8.6 Patched Apk ✔
✔မင်္ဂလာပါခင်ဗျာ✔
Android ဖုန်းကိုဆောင်ထားသောဘော်ဒါတို့အတွက် က်ထရီအားကုန်လွယ်မှာ စိုးရိမ်ရသူတွေ ကို ဖြေဖျောက်ပေးမယ့်  DU battery saver proဖြစ်ပါတယ်။မိမိဖုန်းရဲ့ ဘက်ထရီကို  saving လုပ်ပေးရုံတင်မကပဲ  ဖုန်းရဲ့background tasks cleaning system ပါပါရှိတာကြောင့်တစ်ချက်ခုတ်နှစ်ချက်ပြတ် တဲ့ဆော့ဝဲလ်ကောင်းလေးပါ One key control ဆိုတဲ့အတိုင်း သုံးစွဲသူလွယ်ကူစေဖို့ Switch  များ ထည့်ပေးထားတာဖြစ်ပြီး မိမိကြိုက်နှစ်သက်တဲ့  Switch ကိုလွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်တာကို တွေ့ရှိရမှာပါ မိမိဖုန်းရဲ့ နောက်ကွယ်က apps၊hardwareတွရဲ့ running  ပုံစံပါပြပေးထားမှာ ဖြစ်သလို  မလိုအပ်ပဲ run နေတဲ့  apps  တွေကို   ရှင်းလင်းရပ်တန့်ဖို့  optimize စနစ်ကို  phone ရဲ့ home screen မှာ auto တပ်ဆင်ပေးမှာဖြစ်ပါတယ် ‘ဒါအပြင် ဖုန်းရဲ့ status bar ပေါ်က power icon style ကိုလည်း ကြိုက်သလိုရွေးချယ်နိုင်ဖို့ Themes  များထည့်သွင်းပေးထားပါတယ် ။ ဖိုင်းဆိုဒ်လေးကတော့3.45MB ဖြစ်ပြီးAndroid O/S:2.1 အထက်ကိုကောင်းကောင်းလေးသုံးနိုင်ပါတယ်ဗျာ။အသုံးတတ်ဘူး
ဆိုရင်အောက်မှာ Screenshots ပုံတွေနှင့်ပြထားပါတယ်ဗျာ။
✔Network ပိုင်းနဲ့ ပတ်သက်ပြီး လေ့လာချင်သူများအတွက် စာအုပ်ကောင်း.pdf✔
 Image result for network
✔မင်္ဂလာပါခင်ဗျာ✔ 
Network နဲ့ပတ်သက်ပြီး စိတ်ဝင်စားနေတဲ့ လူတွေ
အတွက် အသုံးတည့်မယ့် စာအုပ်လေး တစ်အုပ်
ကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ..
✔OPPO ဖုန်းတလုံးအား လွယ်ကူစွာ Firmware တင်နည်း (ကွန်ပျူတာမလို) ✔
✔မင်္ဂလာပါခင်ဗျာ✔ 
ကျွန်တော် လေ့လာသိရှိသလောက် နည်းပညာလေးတွေထဲက ခုမိုဘိုင်းလောကမှ ထိုးဖောက်ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံမှာ Samaung ပြီးရင် Android Os စမတ်ဖုန်း ထဲမှာ  ဒုတိယ ရောင်းအားအကောင်းဆုံးဖြစ်တဲ့ OPPO ဖုန်းတွေကို ဘယ်လို ဖန်ဝဲလ် တင်ကြမယ်ဆို တဲ့နည်းလမ်းလေးကိုဘဲ ရေးသား မျှဝေသွားမှာ ဖြစ်ပါတယ်..။ ဒါကြောင့် Oppo ဖုန်း အသုံးပြုသူများအတွက် အထူးရည်ရွယ်ကာ သည်နည်းလမ်းလေးကို ကျွန်တော် ရေးသားမျှဝေလိုက်ပါတယ်.
OPPO စမတ်ဖုန်းများ ကတော့ အရင်က Normal Rom များနဲ့ မတူဘဲ
ယခုအခါ မှာတော့ Color Os Rom များ ကို အသုံးပြုလာကြပြီဖြစ်တာကိုတွေ့ရပါမယ်
(ဥပမာ --Find 5 စထွက် စဉ် က Normal rom ပါ၊ ယခုအခါမှာတော့ Color Os အဖြစ် အရောင်းဆိုင်များမှာရှိနေတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ် )   Color Os များမှာ များသောအားဖြင့် မြန်မာ(ဗမာ) ဘာသာစကား ပါဝင်လာတာတွေ့ရပါတယ်။
Color Os များ မှာ ထူးခြားတဲ့ Feature သစ်များစွာပါရှိလာပြီး
သုံးရတာ သွက်လက်မြန်ဆန်လာတာမို့ OPPO သုံး သူငယ်ချင်းများ အနေဖြင့်
လက်ရှိ Normal Rom ဖြစ်ပါက Color Os Rom များသို့ update လုပ် သုံးသင့်ပါဆိုတာကို
 ဦးစွာ အကြံပြု လိုက်ခြင်ပါတယ်..
oppo ဖုန်းများဟာ rom/firmware များကိုတခြားဖုန်းတွေလို  flash tool များနှင့် Computer မလိုဘဲ မိမိတို့ ဖုန်းထဲမှာတင်   update / install လုပ်လို့ ရတာမို့ လွယ်ကူစေပြီး ပိုပြီး အဆင်ပြေ စေပါတယ်
Friday, September 11, 2015
✔PayPal အကောက်ဖွင့်ပြီးအသုံးပြုနည်းအပြည့်အစုံ(စာအုပ်)✔
✔မင်္ဂလာပါခင်ဗျာ✔
 PayPal ဆိုတာကိုနားလည်လွယ့်မယ့်စကားနဲ့ပြောရရင်တော့
Online Shopping မှဈေးနိုင်ဝယ်ဖို့နဲ့အင်တာနက်ပေါ်မှငွေပေးချေမှု
စနစ်အားလုံးကိုအသုံးပြုလို့ရမယ့် International Credit Account တစ်ခုလို့
ပြောရမယ်ထင်ပါတယ်။
✔မိုဘိုင်းဖုန်း LCD/Touch တို့နှင့်ပတ်သက်ပြီး သိသင့်သည်များ – အပိုင်း (၁/၂) PDF ✔
✔မင်္ဂလာပါခင်ဗျာ✔
  ဖုန်းတွေမှာအသုံးပြုတဲ့ lcd တွေနဲ့ ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါ
အသုံးများတဲ့ lcd တွေကတော့
(1) TFT LCD Thin Film Transistor LCD.
(2) ISPLCD In Place Switching LCD. တစ်ချို့ က In Plane Switching လို့ ဆိုပါတယ်။
(3) OLED Organic Light Emitting Diode LCD.
(4) AMOLED LCD Active-Matrix Organic Light Emitting Diode. LCD.
(5) Retina Display LCD.
(6) Gorilla Glass LCD.
(7) Super LCD.
စသဖြင့် အရည်အသွေးအမျိုးမျိုး တန်ဖိုးအနိမ့်အမြင့် အမျိုးမျိုး ကွဲပြားနေတာတွေ့ ရပါတယ်။
Thursday, September 10, 2015
✔ဆရာဇင်ယော်နီရဲ့ ခုနှစ်ရက်သားသမီများအတွက် နေ့စဉ်ဟောစာတမ်း Mobile Application✔
11201605_688135621313679_8064567881852335314_n
✔မင်္ဂလာပါခင်ဗျာ✔ 
  contentshub ကထုတ်တဲ့ application ခပ်လန်းလန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်လို့ပါ ခင်ညာ
ခေါင်းစဉ်ဖတ်ပြီး စိတ်ဝင်စားသွားကြမယ်ထင်တယ်
 ဟုတ်ပါတယ် တကယ်လည်း စိတ်ဝင်စားစရာ Application လေးတစ်ခုပါ။
ဘာလို့ဆိုတော့ ကျနောတို့ မြန်မာလူမျိုးတွေက ဗေဒင်တွေ ယတြာတွေကို စိတ်ဝင်စားကြတဲ့သူတွေ မဟုတ်လားဗျ။
အဲ့တော့ ဒီ Application လေးကို စိတ်ဝင်စားကြမှာ မဆန်းဘူးလေ။
ဒီလောက်ဆို ဘာ Application လေးဆိုတာ မပြောလဲ သိနေလောက်ပြီပေါ့
ဟုတ်ပါတယ်၊ ဆရာကြီး အဘ မင်းသိင်္ခရဲ့ သားတပည့်လို့ဆိုနိုင်တဲ့
ဆရာဇင်ယော်နီရဲ့ ခုနှစ်ရက်သားသမီများအတွက် နေ့စဉ်ဟောစာတမ်း Mobile Application လေးပါ။
မိုလ်ဘိုင်းထပ်ဆောင်း ၀န်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်နေသော လုပ်ငန်းများကို
ဝန်ဆောင်မှုပေးနေတဲ့ Contents Hub Co., Ltd. က ဖန်တီးထုတ်လုပ်လိုက်တဲ့
ဒီ Application လေးဟာ အသုံးပြုသူတွေကို
ဆရာ ဇင်ယော်နီကိုယ်တိုင် ကိုယ်ကျ ဟောကြားပေးနေသကဲ့သို့ ခံစားရမယ်လို့ ညွှန်းထားပါတယ်။
✔Hola Free VPN Proxy vARM7A 1.9.458 Apk ဒီ​နေ့ထွက်​(updated) ✔
✔မင်္ဂလာပါခင်ဗျာ✔ 
ndroid ဖုန်း Tablet ကိုင်ဆောင်ထားသောသူများအတွက် အရမ်းကိုလန်တဲ့ Application တစ်ခုကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်းလေးကတော့ပိတ်ထားတဲ့ Website တွေ ဒီ Application နဲ့ကျော်ဖြတ်သန်းဝင်ရောက်လေ့လာနိုင်တဲ့ကူညီးပေးတတ်သော Hola free Vpn Application လေးဖြစ်ပါတယ်။ပိတ်​ပင်​ထားတဲ့ဆိုဒ်​​တွေကို​ကျော်​ပြီးဝင်​တဲ့အခါမှာလည်း၊browser ကိုလျှင်​မြန်​သွက်​လက်​စွာနဲ့ဝင်​​ရောက်​နိုင်​​အောင်​ support လုပ်​​ပေးနိုင်​တာကို​တွေ့ရပါတယ်​။unblock လုပ်​ထားတဲ့ဆိုဒ်​​တွေကို၊​ကျော်​ဖို့အတွက်​နဲ့၊browser လျှင်​မြန်​စွာဝင်​​ရောက်​နိုင်​ဖို့အတွက်​​ application ​ကောင်း​လေးတစ်​ခုပဲဖြစ်​ပါတယ်​။ဒါ့အပြင်​ pingerတို့၊text nowတို့၊text plusတို့်၊upptalk ​စတဲ့​ဆော့ဖ်​ဝဲများမှာအ​ကောင့်​န်​​ဖောက်​ဖို့မှာvpn​ကျော်​ဖို့ရန်​အတွက်​ လည်းအသုံးပြုနိုင်​မှာဖြစ်​ပါတယ်​။ဒီapkကိုအသုံးပြုဖို့အတွက်​မိမိဖုန်းမှာroot access ရရှိပြီးသားဖြစ်​ဖို့်လိုပါမယ်​။
အောက်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျာ.....
Monday, September 7, 2015
✔SD Card (Memory Card) အတုဟုတ်မဟုတ် သိရှိနိုင်မယ့် နည်လမ်း (၂) ခု✔
✔မင်္ဂလာပါခင်ဗျာ✔ 
 တခါတလေ SD card တွေကို ဒီတိုင်းကြည့်တာ လွယ်ကူတာတွေလည်း ရှိပါတယ်။ များသောအားဖြင့်တော့ SD ကဒ် အတုတွေမှာ မပြည့်စုံပဲ လိုအပ်နေတာတွေ ရှိကြပါတယ်။ ဒါပေမယ့် ယခုခေတ်မှာတော့ ဒီ SD ကဒ်အတု ထုတ်လုပ်သူတွေဟာ ပိုမိုပါးနပ်မှု ရှိလာတာကြောင့် ပြောဖို့ ခက်ခဲနိုင်ပါတယ်။ ကံကောင်းတယ်လို့ ဆိုရမလား အဲဒီလို SD ကဒ်အတုတွေ ရှာဖွေဖော်ထုတ်နိုင်ဖို့ လွယ်ကူစွာအသုံးပြုနိုင်တဲ့ application နှစ်ခုရှိပါတယ်။
(၁) SD Card Insight (An android app)
(၂) H2Testw (A free PC tool) တို့ဖြစ်ပါတယ်။
SD card insight ဟာ SD ကဒ်ထဲဝင်ကြည့်ရှုနိုင်တဲ့ မိုဘိုင်းလ် app တစ်ခုဖြစ်ပါတယ်။ ထုတ်လုပ်သူ ကုမ္ပဏီရဲ့ အသေးစိတ်အချက်အလက်တွေ၊ SD ကဒ်ရဲ့ မူလအရွယ်အစားပမာဏကို ချက်ချင်း ဖော်ပြပေးပါတယ်။ သင်လုပ်ဆောင်ရမှာက SD ကဒ် ကို မိမိဖုန်းထဲထည့်သွင်းပါက ယင်းထုတ်လုပ်သူ ကုမ္ပဏီနာမည်၊ ထုတ်လုပ်သည့်နေ့စွဲ၊ ထုတ်ကုန်အမည်၊ အမှတ်စဉ် စတဲ့ ယင်းပစ္စည်းနဲ့ပတ်သက်ပြီး အရေးကြီး အချက်အလက်များကို ဖော်ပြပေးပါတယ်။
Sunday, September 6, 2015
✔မိုဘိုင်းဖုန်းဆားဗစ်မှာ သုံးတဲ့ power supply အကြောင်း✔
✔မင်္ဂလာပါခင်ဗျာ✔ 
မိုဘိုင်းဖုန်းဆားဗစ်မှာ သုံးတဲ့ power supply အကြောင်းပါ
မသိသေးတဲ့သူတွေအတွက်ပဲ ရည်ရွယ်ပါတယ်
Power supply အကြောင်းမပြောခင် ဘာကြောင့်သုံးရတယ်ဆိုတော့
Power နှိုးစမ်းကြည့်ဖို့ ဖုန်းကို PS ချိတ်လိုက်တာနဲ့
Amp တန်းတက်လာသလား နှိုးမှ တက်လာသလား
ဘယ်လောက်အထိ တက်လာပီး ဘယ်နေရာမှာ ရပ်သွားတာလဲ
တက်ပီး ပြန်ကျလာတာလား ရပ်နေတာလား
အဲသလို ကြည့်လိုက်တာနဲ့ ပြစ်ချက်ကို အကြမ်းဖျင်း မှန်းလို့ ရတတ်ပါတယ်
အဲဒါဆို Power နိုးခြင်းကို သိသလောက်လေး အကြမ်း ပြောကြည့်မယ်ဗျာ
ဖုန်းကို Battery တတ် (သို့) PS ချိတ်လိုက်တာနဲ့
ဖုန်းက ကောင်းနေမယ်ဆိုရင် Power Key မှာ ဗို့အားတခု စရောက်လာပါတယ်
Saturday, September 5, 2015
✔ဖုန်းထဲမှာရှိနေတဲ့ ဗီဒီယိုဖိုင်တွေကို ၄ခု ၅ခု တစ်ပြိုင်နက်ထဲကြည့်ရှုနိုင်မည့် Apps ✔
Image result for show time
✔မင်္ဂလာပါခင်ဗျာ✔ 
ဖုန်းမှာဗီဒီယို အများကြီးကိုတစ်ပြိုင်နက်ထဲဖွင့်နိုင်မယ့် Showtime Apk
ဖုန်းထဲမှာရှိနေတဲ့ ဗီဒီယိုဖိုင်တွေကို ၄ခု ၅ခု တစ်ပြိုင်နက်ထဲကြည့်ရှုနိုင်မည့် Apps တစ်ခုလည်းဖြစ်ပါတယ်။
အသုံးပြုရလွယ်ကူပြီး ဖုန်း၏ Gallery ထဲကနေ ဗီဒီယို တစ်ပုဒ်ချင်စီကို နှိပ်ပြီး Showtime Apps ကိုရွေးချယ်ကာ ဗီဒီယိုအများအပြားကိုတစ်ပြိုင်နက်ထဲ ပုံတွင်တွေ့ ရသကဲ့သို့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ပြန်ဖျက်ချင်ရင်တော့ ဖွင့်ထားတဲ့ဗီဒီယိုကို တစ်ချက်နှိပ်ပြီး X သင်္ကေတ အားနှိပ်ကာဖျက်နိုင်ပါတယ်။ အသုံးပြုချင်သူများဒေါင်းလုပ်ရယူနိုင်ပါပြီ။
Showtime Apps အားဒေါင်းယူရန်။
✔မိမိရဲ့Facebookမှာ Gif လို့ခေါ်တဲ့ လှုပ်ရှားပုံ(ပုံအရှင်လေး)တွေ တင်တဲ့နည်း✔
✔မင်္ဂလာပါခင်ဗျာ✔ 
ဒီတစ်ခါတင်ပြပေးမှာကတော့
မိမိရဲ့Facebookမှာ Gif လို့ခေါ်တဲ့ လှုပ်ရှားပုံ(ပုံအရှင်လေး)တွေ တင်တဲ့နည်းဖြစ်ပါတယ်
ပထဦးဆုံး browserတစ်ခုအရင်ဖွင့်ပြီး www.google.com ကိုသွားပါ
Search Box ကျလာရင် gif photosတွေရှာဖို့  gif photos နဲ့ပက်သက်တာရိုက်ရှာပါ
✔ Windows 10 AIO 22 in 1 32/64 Bit ISO အားဒေါင်းလော့ရယူနိုင်ပါပြီ ✔
✔မင်္ဂလာပါခင်ဗျာ✔ 
လတ်တလောအရမ်းနာမည်ကြီးနေတဲ့ Windows 10 ကို
OS ချစ်ပရိတ်သတ်များ စမ်းသုံးကြည့်ချင်နေကြမယ်ထင်ပါတယ်
ကျနော်ကတော့အခုနေစမ်းသုံးကြည့်နေပါတယ်။
ကောင်းသလားတော့မမေးစေချင်ပါကိုယ်တိုင်စမ်းသုံးကြည့်ပါဦးလို့ပဲ
တိုက်တွန်းချင်ပါတယ်။ကျနော်ကတော့ Microsoft ရဲ့ Windows ထုတ်ကုန်
တွေထဲမှာတော့ Windows 10 လေးကတော့ Hottest လို့ထင်ပါတယ်။
အခုဗားရှင်းမှာတော့ features တွေလည်းအမြောက်အများပါဝင်လာပါတယ်
အခု ISO ဖိုင်မှာ ဗားရှင်းအစုံပါတာတော့မို့ Technician တစ်ယောက်
အတွက်တော့လုံးဝအကြိုက်တွေ့စေမှာဖြစ်ပါတယ်။
SNM Font Install
✔မင်္ဂလာပါခင်ဗျာ✔
ရှမ်းတိုင်းရင်း သား လေး ကို စိုင်းသူကျော် ရဲ့ကျေးဇူး ကြောင့် Android ဖုန်း အားလုံး တွင်
Unicode (100%) နှင့် Zawgyi (85%) အပါဝင် တခြား ရှမ်း Font များ ကို ပါ ရေးနိုင် ဖတ်နိုင် မြင်နိုင် သော SNM Font Install လေး ထွက်ရှိလို့
လာပါပြီးဗျာ. Huawei , Samsung , MIUI , ect .... စတဲ့ Android ဖုန်း အားလုံး အပါအ၀င် Android Version 5 အထက် Lollipop Device များ တွင်ပါ အသုံးပြုနိုင်ပြီး
Google Play Store နှင့် COC Game များတွင် ပါ မြန်မာ စာ ရေးနိုင် ဖတ်နိုင်ပါတယ်ဗျာ ဤ Application လေး ကို အသုံးပြုဖို့ အတွက်တော့ 
မိတ်ဆွေ တို့ ဖုန်းတွင် ရှေးဦးစွာ Root Access ရှိရ ပါမည်.
အသုးံပြုချင်ရင်တော့ အောက်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျာ...
Friday, September 4, 2015
✔Samsung Lollipop Font Solution V1.1 ! ✔
✔မင်္ဂလာပါခင်ဗျာ✔ 
ကဲ…….. Samsung ဖုန်းကိုင်ဆောင်ထားတဲ့ဘော်ဒါများအတွက် အဆင်ပြေစေမယ့်
Zip ဖိုင်လေးကိုတင်ပေးချင်ပါတယ် ဒီကောင်လေးကဘာအလုပ်လုပ်သလဲဆိုရင်တော့
Built-in  Myanmar ( ဇော်ဂျီ ) , Myanmar ( Unicode ) ဆိုပြီးပါပါတယ်
အဲ့လိုဖုန်းတွေအတွက်ဆိုရင် fontstyle မှာ ချိန်းပြီးသုံးမယ်ဆိုရင်
message တို့  facebook တို့ မှာပဲအဆင်ပြေမှာပါ ကျန်တဲ့နေရာတွေမှာမမှန်ပါဘူး…
အဲ့လိုပြသနာတွေဝေးရအောင် ဒီဖိုင်လေးက လုပ်ဆောင်ပေးမှာဖြစ်ပါတယ်
လိုအပ်ချက်
    Version 5.0 နှင့်အထက်ဖုန်းများအတွက်သာ
    CWM ( example clockwork mode recovery ) နှင့်အခြား Custom recovery များလိုအပ်ပါတယ်
    Samsung Devices တွေအတွက်သာ
အခြားဖုန်းများနှင့် အခြားဖုန်းများဆိုရင်တော့ ( Make Your Owm risk ) ပေါ့ဗျာ….
လိုအပ်တာလေးတွေဒေါင်းလိုက်ပါအုန်းဗျာ………
Firmware ဒေါင်းလော့ရယူနည်း(PDF-ဇူးနစ်)
✔မင်္ဂလာပါခင်ဗျာ✔ 
Android ချစ်ပရိတ်သတ်များအတွက်ရော့
ဖုန်း Service သမားတွေအတွက်ပါဖုန်းBrand အားလုံးအတွက်
အင်တာနက်ပေါ်မှာမိမိအလိုရှိတဲ့ Firmware အတွက်အလွယ်တကူ
ဒေါင်းလော့ရယူနည်းကိုကျနော်အားလုံးဆင်ပြေစေအောင်
ပုံလေးတွေနဲ့တကွရေးပေးလိုက်ပါတယ်။
အခုကျနော်ရေးထားတဲ့စာအုပ်ပါအတိုင်းTutorial Guide ကိုသာ
အသေအချဖတ်ပါလို့တိုက်တွန်းလိုပါတယ်။ Theory ပိုင်းကိုရေးထားတာမဟုတ်ပါ၊
Practical ပိုင်းကိုသာရေးထားတာမို့ကျနော်ရေးထားတဲ့ Tutorial အားလုံးကို 100% အာမခံပါတယ်
ဖုန်းဆိုင် Hardware & Software ပိုင်းကိုလေ့လာလိုက်စားနေကြတဲ့
သင်တန်းတက်ခါစညီအစ်ကိုတွေလည်းသင်တန်းမှာ Data GB 2000 ပေးသည်
ဆိုတဲ့အထဲမှာ များသောအားဖြင့် phone Brand အားလုံးရဲ့ Firmware တွေကိုသာ
အထူးပေးနေကြတာပါ။ဒီတော့မိမိမှာအင်တာနက်သာအသင့်ရှိနေမယ်
ဒီဖုန်းဆိုင်ရာနဲ့သက်မွေးဝမ်းကြောင်းပြုတော့မယ်ဆိုရင်တော့
တကယ်လိုအပ်မယ့်နည်းလမ်းတွေကိုလေ့လာထားသင့်နည်းလမ်းတွေကို
ပြပေးထားတဲ့ Tutorial Guide စာအုပ်တွေကိုလည်းရနိုင်သလောက်
စုဆောင်းထားသင့်ပါကြောင်းအထူးပြောကြားလိုပါတယ်ခင်ဗျား
Thursday, September 3, 2015
✔ကွန်ပျူတာမှာ တခါတခါ Window Explorer has stopped working ဆိုတဲ့ Error ဖြေရှင်းနည်း✔
✔မင်္ဂလာပါခင်ဗျာ✔
ကျွန်တော် ခုတင်ပြမယ့် အကြောင်းအရာလေးကတော့ ကွန်ပျူတာ သမားတော်တော်များများသိထားနှင့်ပြီးသော
အကြောင်းရာဘဲဖြစ်ပါလိမ့်မယ်.. ဒါပေမယ့် မသိသေးသော USER များအတွက် ရည်ရွယ်ပြီး တင်ပြလိုက်ခြင်းဖြစ်ပါတယ်..
ဒါကတော့.. ကွန်ပျူတာမှာ တခါတခါ Window Explorer has stopped working ဆိုတဲ့ ဘောက်တခုကျလာပြီး
တော်တော်နဲ့ အဆုံးမသတ်နိုင် ဖြစ်တတ်ပါတယ်.. ဒါကလည်း
မသိခင်ကတော့ တော်တော် စိတ်ပျက်စေတဲ့ Error တခုလို့ ထင်မြင်ယူဆမိခဲ့ပါတယ်..
ဒါပေမယ့် သည်နည်းလေးကို ကျွန်တော် အဆင်ပြေသွားစေတဲ့ ဖြေရှင်းနည်းလေးတစ်ခု ခုလိုတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်..
Hardware ပိုင်း အခြေခံ ပိုင်းစတင်လေ့လာသူတွေအတွက် (PDF)
✔မင်္ဂလာပါခင်ဗျာ✔
 ကိုအာကာရေးထားတဲ့
Phone Hardware Software နည်းပညာများ PDF လေးကို
Android ချစ်ပရိတ်သတ်များအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Sim ကဒ်ပြသနာဖြေရှင်းနည်း
ဟန်းတဲ့ပြသနာဖြေရှင်းနည်း
Network ပြသနာဖြေရှင်းနည်း
Mic ပြသနာဖြေရှင်းနည်း
စတဲ့ ဖုန်းတစ်လုံးအတွက် Hardware ပိုင်းဆိုင်ရာအခြေခံသဘောတရားများကို
ရှင်းပြပေးထားတဲ့ PDF လေးပါအခြေခံပိုင်းကိုလေ့လာခါစ
ညီအစ်ကိုတွေအတွက်ဆောင်ထားသင့်တဲ့ PDF လေးတစ်ခုပါ
အောက်မှာဒေါင်းလော့ရယူနိုင်ပါပြီ။
Huawei Diagram များစုစည်းမှု (31 File)
✔မင်္ဂလာပါခင်ဗျာ✔ 
 Hardware လေ့လာချင်တဲ့ ဘောဒါတွေအတွက် Huawei Diagram
တွေကိုရှာဖွေပြီးတင်ပေးလိုက်ပါတယ်..
ဒေါင်းလော့ဆွဲရလွယ်ကူအောင်ဖုန်းမော်ဒယ်အလိုက်ခွဲပြီး
တင်ပေးထားပါတယ်...
Diagram လေးကိုကြည့် error များကို
ဖြေရှင်းနိုင်ကြပါစေ...
အောက်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျာ....
Wednesday, September 2, 2015
✔Huawei Y535D-C00 network unlock Tool✔
 Image result for y535d-c00 network unlock
✔မင်္ဂလာပါခင်ဗျာ✔ 
Huawei Y535D-C00 network unlock Tool လေးဖြစ်ပါတယ်ခင်ဗျာ..
စမ်းသပ်တာအောင်မြင်ပြီဖြစ်ပါတယ်..
Network unlock လုပ်ဖို့ခက်ခဲနေသူများအတွက်
 ပြန်လည်မျှဝေလိုက်ပါတယ်..
ဒီ Tool ကိုအသုးံပြုဖို့အတွက်ဖုန်းမှာ Root ရှိထားရပါမယ်..
ဖုန်းကို normal mode နဲ့ pc နဲ့ကြိုးထိုးလိုက်ပါ.. 
Network unlock Tool ကသူသူအလုပ်လုပ်သွားပါလိုက်မယ်...
ဖုန်း reboot ကျပြီးပြန်တက်လာလျှင် sim card ထည့်ပြီစမ်းလိုက်အဆင်ပြေသွားပါလိုက်မယ်..
အသုးံပြုချင်ရင်တော့အောက်မှာဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျာ..
Tuesday, September 1, 2015
✔အသုံးတည့်သော ADB COMMAND များ (PDF)✔
✔မင်္ဂလာပါခင်ဗျာ✔ 
 ဒီနေ့တော့ Android ချစ်ပရိတ်သတ်များအတွက် အသုးံတည့်သော
 ADB Command များကိုရနိုင်သလောက်စုစည်းပြီး
PDF လေးလုပ်ပေးလိုက်ပါတယ်။
ADB Command နဲ့ လုပ်ဆောင်နိုင်တဲ့အချက်များကတော့-
-device ကို သိမသိစစ်ခြင်း
-device က root acess ရမရ
-device ထဲကိုဆော့ဝဲသွင်း /ဖျက်
-device ထဲကို ကွန်ပျူတာကနေ ဖိုင်လှမ်းသွင်း
Device ထဲကဖိုင်တွေကိုကွန်ပျူတာထဲကိုလှမ်းထုတ်
-Partition အစိတ်အပိုင်းများကိုကြည့်ရှုခြင်း
နှင့် အခြားကိစ္စရပ်များစွာအတွက်အသုံးပြုနိုင်ပါတယ်။
ကျန်တဲ့အသုံးပြုနည်းပိုင်းကိုတော့အောက်ကလင့် PDF မှာ
ဒေါင်းလော့ရယူပြီးဖတ်ကြည့်လိုက်ပါ
✔Android ဖုန်းတွေမှာ ဘာလို့  Version မြှင့်ကြတာလဲ ✔
✔မင်္ဂလာပါခင်ဗျာ✔ 
Android ဖုန်းတွေမှာဘာလို့ Version မြှင့်ကြတာလဲ
ဆိုတဲ့ (အောင်အောင်ဆွေ)ရဲ့ပိုစ့်လေးကို PDF လေးလုပ်ပြီးအားလုံးကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊
Android ဖုန်းတွေမှာ Version မြှင့်ပြီး သုံးကြတယ်ဆိုတာ ... ကွန်ပြူတာတွေမှာလို ပါပဲ ... ကျွန်တော်တို့  Window 98 တွေ ကိုသုံးလာကြတယ် . နောက် XP ပေါ်လာတော့ XP ကိုပြောင်းသုံးတယ် .. အခု ဆို Window7 ကိုပဲလူတိုင်းသုံးနေကြတာ .. ဘာလို့ အဲဒီလို မြှင့်ပြီးလိုက်သုံးလာကြလဲ ဆိုတော့ Software အသစ်တွေ .. နောက်ဆုံးပေါ်ဂိမ်းတွေကို ကစားနိုင်ဖို့  .. Graphic ပုံစံလေးတွေ ခေတ်မှီ ဆန်းပြားနေစေဖို့ 
ကျန်တဲ့အပိုင်းတွေကိုတော့ PDF လေးမှာဖတ်ရှုနိုင်ပါတယ်
အောက်မှာဒေါင်းလော့ရယူလိုက်ပါ
✔Mobile မျိုးစုံအတွက် Firmware ရေးသားနည်း✔
✔မင်္ဂလာပါခင်ဗျာ✔ 
Android ချစ်သူများအတွက်ရော့ Service သမားတွေအတွက်ပါAndroid နဲ့ပတ်သက်ပြီးအလိုအပ်ဆုံးစာအုပ်ကောင်းတစ်အုပ်ကိုဒီစာအုပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ဆရာရဲမင်းအောင် (Ray-Electronic) မှရေးသားခြင်းဖြစ်ပါတယ်
စာအုပ်အမည်.....Mobile မျိုးစုံအတွက် Firmware ရေးသားနည်း
စာရေးဆရာ.....ရဲမင်းအောင်(Ray-Electronic)
Size....11.89MB
မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ
About
**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......