♪မင်္ဂလာပါခင်ဗျာ♪
Samsung Android တွေကို Odin နှင့် Firmware ရေးသည့်အခါ သိထားသင့်တဲ့ အခြေခံသဘောတရားများဖြစ်ပါတယ်...
Pit ဆိုတာက Partitioin Information Table ဖိုင်ဖြစ်ပါတယ်။ဖုန်းတစ်လုံးရဲ့Firmware ကို partition အပိုင်းတွေနဲ့ ခွဲခြားထားပြီး ၄င်း Parititon တစ်ခုခြင်းစီကို EMMC အတွင်း
နေရာတကျအစီအရီ ထည့်ထားတာဖြစ်ပါတယ်။ဒါဆိုရင် ကျနော်တို့ဟာ Odin ကနေ Pit ဖိုင်တစ်ခုကို ရေးမယ်ဆိုရင် ဖုန်းရဲ့ Partition တွေဟာ ပြောင်းလဲသွားနိုင်သလို ရှိရင်းစွဲ
Partition Table အတိုင်းတူညီတဲ့ Pit ဖိုင်ဆိုရင်တော့ ထူးခြားမှုရှိမှာ မဟုတ်ပါ။ Model မတူ EMMC Storage မတူတာကို မှားပြီး Pit နဲ့ repartition လုပ်မိတာဟာ ဖုန်းကို Brick
ဖြစ်သွားစေနိုင်ပါတယ်။