မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Friday, October 30, 2015

✔တယ်လီနောမှ အလကားပေးလိုက်တဲ့ Cloud Storage (သို့မဟုတ်) Capture Application✔

 
✔မင်္ဂလာပါခင်ဗျာ✔ 
အခုနောက်ပိုင်းမှာ စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီ တွေအနေနဲ့ Storage ပမာဏကို Built In ထည့်သွင်းပေးပြီး ထုတ်လုပ်ကြသလို အချို့  စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီ တွေက နောက်ထပ် Memory ကဒ် ထပ်ထည့်အသုံးပြုနိုင်အောင် ဖန်တီးထုတ်လုပ်ထားကြပါတယ်။ Memory ထပ်တိုးလို့ရတဲ့ စမတ်ဖုန်းတွေအနေနဲ့ ကိစ္စအထွေအထူးမရှိပဲ မိမိဖုန်းအတွင်းရှိ Storage ပမာဏ ပြည့်သွားရင် အလွယ်တကူ နောက်ထပ် Memory ကဒ်ထည့်ကာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ Storage ကို ဖုန်းအတွင်းမှာသာ Built In ထည့်သွင်းပေးထားတဲ့ စမတ်ဖုန်းတွေအနေနဲ့ကတော့ အနည်းငယ် အခက်ခဲဖြစ်ပေါ်စေပါတယ်။


ဒီလို အခက်အခဲတွေအတွက် တယ်လီနောမှ အွန်လိုင်းတွင် မိမိတို့၏ ဓါတ်ပုံ ၊ ဗီဒီယိုများကို သိမ်းဆည်းနိုင်မည့် Storage တစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ မိမိဖုန်းမှာ အရေးတစ်ကြီး Storage ပမာဏလိုအပ်လာပါက Capture Application ကို အသုံးပြုကာ register ပြုလုပ်ပြီး အကောင့်တစ်ခုစာအတွက် 20 GB ရယူနိုင်ပါတယ်။ အဆိုပါ Cloud Storage မှာ မိမိဖုန်းအတွင်းရှိ ဓါတ်ပုံများ ၊ ဗီဒီယိုဖိုင်များကို သိမ်းဆည်းထားနိုင်ပြီး မိမိလိုအပ်ပါက Download ပြုလုပ်ကာ ရယူနိုင်မှာဖြစ်ပါတယ်။ နိုင်ငံခြားမှ ဝန်ဆောင်မှုပေးနေသည့် Cloud Storage များဖြစ်တဲ့ Media Fire ၊ Dropbox ၊ Google Drive ၊ One Drive စတဲ့ Cloud Storage များနှင့် ပုံစံတူဖြစ်ပါတယ်။

Telenor ရဲ့  Capture Application ဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော တရားဝင်ထုတ်ပြန်ကြေငြာတဲ့ Cloud Storage  Application တစ်ခုဖြစ်ပြီး iOS နှင့် Android နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်တဲ့ Cloud Storage Application တစ်ခုဖြစ်ပါတယ်။ Capture ကို ရယူလိုပါက Android အတွက် Google Play Store နှင့် iOS အတွက် App Store တို့မှာ Download ရယူကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

IOS APP


 ANDROID APP


အဆင်ပြေကြပါစေ၊ကြိုးစားလျက် 

sai kyaw zin myint(ဟိန်းစတားမိုဘိုင်း)

 

No comments:

Post a Comment

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......