မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Sunday, December 13, 2015

iPhone & iPad တွေမှာ Apps များဒေါင်းလော့မရရင်ဖြေရှင်းနည်း

✔မင်္ဂလာပါခင်ဗျာ✔ 
iPhone & iPad တွေမှာ Apps များဒေါင်းလော့မ&ရင်ဖြေရှင်းနည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ယခုဖေါ်ပြပါ Fix Solution သည် ကျနော်
ကိုယ်တိုင်စမ်းသပ်အောင်မြင်ထားခြင်းတော့မဟုတ်ပါ Suggestion အနေဖြင့်
တစ်ဆင့်ပြန်လည်မျှဝေပေးလိုက်ခြင်းသာဖြစ်ပါတယ်။

အခုနောက်ပိုင်း iDevice တွေဖြစ်လေ့ဖြစ်ထရှိတာလေးတစ်ခုက မိမိအတွက်
လိုချင်တဲ့ App ကို Store ကနေ တိုက်ရိုက် install ပြုလုပ်လိုက်ရင် Waiting...ဆိုပြီး
အချိန်အကြာကြီး ဖြစ်နေတတ်ပါတယ်။


Connection ကြောင့်လား ဘာကြောင့်ဖြစ်ရတာလဲမသိပဲ ပြသနာတက်နေခဲ့ရင်တော့
အောက်ပါနည်းလမ်းများအတိုင်း ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

ဖေါ်ပြပါ ပြသနာအတွက် ဖြေရှင်းရန်နည်းလမ်း (၆) ခုရှိပါတယ် တစ်ခုခုနဲ့တော့အဆင်ပြေ
နိုင်ပါတယ်၊ ပြသနာဖြေရှင်းနည်းများကိုတော့ အောက်မှာဆက်ပြီးလေ့လာကြည့်လိုက်ပါ။


ပြသနာအတွက် ဖြစ်နိုင်ခြေ Errors များ
==========================
၁။ Phone stuck on Waiting when install app from app store.
၂။ Unable to Purchase. This App could not be purchased at this time. Please try again later.
၃။ Unable to Download app. This App could not be downloaded at this time.
၎။ App update unavailable with this Apple id.
၅။ Cannot connect to App Store.
၆။ iPhone not downloading apps.
၇။ iPhone not updating apps.

ပြသနာဖြေရှင်နည်း (၆) မျိုး
=================
တကယ်လို့အထက်ပါ ပြသနာများထဲမှာ တစ်ခုခုကြောင့် သင့် Device အတွက်
Apps များဒေါင်းလော့ရယူလို့အဆင်မပြေဖြစ်နေခဲ့ရင်တော့ ဖေါ်ပြပါ ဖြေရှင်းနည်းများနဲ့
အဆင်ပြေနိုင်ပါတယ်။

၁။ Wi-Fi ကိုစစ်ဆေးကြည့်ပါ

တကယ်လို့မိမိက Wi-Fi ကိုအသုံးပြုပြီး Apps များဒေါင်းလော့ရယူတယ်ဆိုရင်တော့
အခုလိုမျိုးပြသနာတက်လာခဲ့ရင်တော့ ဖုန်း Setting ရဲ့ Wi-Fi Network ကိုစစ်ဆေးသင့်ပါတယ်။
Wi-Fi Password ကိုပြန်လည်ထည့်ပေးတာမျိုးပြုလုပ်ပေးရပါမယ်၊ ဒေါင်းလော့နေဆဲ
Apps မျးကိုတော့ Update မလုပ်မိပါစေနဲ့။

၂။ အချိန်နာရီများကိုတိုက်ကြည့်ပါ

ပြသနာကိုဖြေရှင်းပေးရန်အတွက် ဒုတိယနည်းလမ်းကတော့ မိမိဖုန်းရဲ့
Date and Time Settings ကိုသတိထားပြီး ဖြေရှင်းပေးဖို့ပါပဲ၊
Settings > General>Date & Time နေရာတွေမှာ automatic ဆိုတာမျိုး
ထားပေးသင့်ပါတယ် ပြီးရင်တော့ Apps များကိုပြန်လည်ဒေါင်းလော့ရယူကြည့်လိုက်ပါ။

၃။ App Store ကို  Sign Out - Sign In ပြုလုပ်ကြည့်ပါ

ဒီတစ်ခါ ဖြေရှင်းနည်းကတော့ Store ကို  Sign Out - Sign In ပြုလုပ်ပေးခြင်းဖြင့်
ပြသနာကိုဖြေရှင်းပေးနိုင်ပါတယ်၊ ဒီအတွက် Setting ထဲမှ “iTunes and App Store”
ဆိုတာကို တစ်ချက်နှိပ်ဝင်ပြီး Apple ID ကို  Sign Out လုပ်ကြည့်ပါ။

 Sign Out ပြုလုပ်ပြီးတဲ့အခါ Apps များကိုပြန်လည်ဒေါင်းလော့ရယူကြည့်ပါ
terms of service မှ message ပို့ပေးလာရင်လက်ခံလိုက်ပြီး
Apple ID ကို Sign In ပြုလုပ်ပေးလိုက်ပါ။

၎။ ဒေါင်းလော့ထားမှုကိုရပ်ပြီး Device ကို Restart ချပေးပါ

ဒီတစ်ခါဖြေရှင်နည်းကတော့ ဒေါင်းလော့ထားမှုကိုရပ်ပြီး Device ကို Restart ချပေးပါရမှာပဲဖြစ်ပါတယ်
ဒီအတွက် Home Button နှစ်ချက်နှိပ်လိုက်ရင် ဒေါင်းလော့ထားတဲ့ Apps list များကိုတွေ့နိုင်ပါတယ်
အမှိုက်များကိုရှင်းထုတ်တဲ့ပုံစံမျိုးဖြင့် Close ပြုလုပ်ပေးပါ၊ပြီးရင် ပါဝါခလုပ်ကိုနှိပ်ပြီး Resrt ချပေးလိုက်ပါ။
ပါဝါခလုပ်ကိုပြန်ဖွင့်ပြီး Apps များကိုပြန်လည်ဒေါင်းလော့ရယူကြည့်ပါ။

၅။ Apps များကို Uninstall - Install ပြုလုပ်ကြည့်ပါ

နောက်ထပ်ဖြေရှင်းနည်းကတော့ Apps များဒေါင်းလော့ယူလိုက်လို့ "Waiting" ပြနေပြီး
အချိန်အကြာကြီး တက်မလာတော့ပဲ ဖြစ်နေခဲ့ရင်တော့ အဲဒါ update မပြုပ်နိုင်ဘူးဆိုတာကို ပြောနေတဲ့သဘောပါ။

ဒီအတွက် Install ပြုလုပ်ထားတဲ့ Apps ကို Uninstall ပြုလုပ်ပေးလိုက်ပါ၊
Store ကို ထပ်ဝင်ပြီး အဲဒီဖျက်လိုက်တဲ့ Apps ကိုထပ်ရှာ Install ပြန်ပြုလုပ်ကြည့်လိုက်ပါ။

၆။ Factory Reset တစ်ခုချပေးလိုက်ပါ

iPhone & iPad တွေမှာ Apps များဒေါင်းလော့မရင်ဖြေရှင်းနည်းနောက်ဆုံးတစ်ခုကတော့
သင့် Device ကို Factory Reset တစ်ခုချပေးလိုက်ခြင်းဖြစ်ပါတယ်။

ဒီအတွက်က iCloud ကို Backup ပြုလုပ်ထားပြီး Setup New a device အဖြစ်ပြုလုပ်ရပါမည်၊
အားလုံးအသင့်ဖြစ်ရင်တော့ Facotory Setting သွားပြီး Reset ချပေးရန်အတွက်
Settings > General > Reset > Erase All Content and Settings ဆိုတာကိုတစ်ဆင့်ချင်းနှိပ်ပြီးသွားလိုက်ပါ။

Reseting process တစ်ခုပြုလုပ်နေတုန်းတော့ ခနစောင့်နေလိုက်ပါ
 ပြန်တက်လာတဲ့အခါ Setup New a device ပြန်လည်ပြုလုပ်ပေးလိုက်ပါ။

ဖေါ်ပြပါ Fix Solution များသည် waiting error သို့မဟုတ်
iPhone not download apps error များကို 100% အဆင်ပြေနိုင်ပါတယ်။


Ref-How to Fix iPhone Not Download or Update Apps Issue

အဆင်ပြေကြပါစေ၊ကြိုးစားလျက်

 sai kyaw zin myint(ဟိန်းစတားမိုဘိုင်း)

credit >>>zunit

 

No comments:

Post a Comment

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......