မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Tuesday, May 17, 2016

Virus များနှင့် မိုဘိုင်း လုံခြုံရေး

  ယနေ့ခေတ် နည်းပညာလောကတိုးတက်လာတာနှင့်အမျှ မိုဘိုင်း သုံးစွဲသူပြည်သူလူထု တွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေရဲ့ လုံခြုံမှုဟာလည်း တစ်စထက်တစ်စလျော့ပါးလာပါတယ်
အဲ့ဒီထဲကမှ အသုံးပြုသူတွေကိုဒုက္ခအပေးဆုံး Virus များလည်း ပါဝင်ပါတယ်။


    ၁။ Virus ဆိုတာဘာလဲ ၊ Virus အကြောင်းအကျဉ်းချုပ် 
  •      Virus ဆိုတာ ရှင်းရှင်းပြောရရင်တော့ ကိုယ်တိုင် ပုံတူပွားနိုင်တဲ့ ကိုယ်တိုင် လှုပ်ရှားနိုင်တဲ့ အန္တရာယ်ရှိတဲ့ program တစ်ခုပါပဲ။ကူးစက်ခံရတဲ့ computer or phone မှာဝင်ရောက်ပြီးတော့ ထို computer လုပ်ငန်းဆောင်တာများကို ကိုတစ်နည်းနည်းနဲ့ ပျက်စီးအောင်ပြုမူနိုင်ပါတယ် ထိုမှတစ်ဆင့်တစ်ခြား computer ကိုတစ်ဆင့်ဝင်ရောက်ပြီးထိန်းမရတဲ့အခြေအနေတစ်ရပ်ထိပွားများသထက်ပွားများလာမှာဖြစ်ပါတယ်။လူတွေရဲ့ခန္ဓာကိုယ် ကိုကူးစက်တဲ့ ရောဂါပိုးများလိုပါပဲ။ပူစရာမလိုတဲ့အချက်က အနာသိရင်ဆေးရှိပါတယ်ခင်ဗျာ :) ။ အဲ့တာကြောင့်ပဲ Antivirus တွေကတစ်ထောင့်တစ်နေရာကအမြဲတမ်းအသုံးဝင်နေတာဖြစ်ပါတယ်
  •      ပထမဦးဆုံးသော computer virus လို့အမည်တပ်လို့ရတဲ့ virus ဟာ 1970 ပြည့်နှစ်အစောပိုင်းကာလများမှာစတင်ပေါ်လာတဲ့ Creeper virus လို့အမည်ရတဲ့ virus ပဲဖြစ်ပါတယ်.(computer တောင် တစ်ဒက်ဒက်နဲ့ ဘိုးတော်ဘုရား ဆော့နေတဲ့အချိန်မှာ virus ပေါ်ပြီဆို တာတော်ရုံ skill နဲ့မျဘူး xD)
  • ပထမဦးဆုံးကူးစက်ခံ၇တုန်းက ကူးစက်ခံရတဲ့ computer မှာ  "I'm the creeper, catch me if you can!"ဆိုပြီးပေါ်လာပါတယ်တဲ့။ အဲ့ဒီ ပထမဦးဆုံးသော computer virus နဲ့အတူ ပထမဦးဆုံးသော anti virus ဖြစ်တဲ့ Reaper(ရိတ်သိမ်းသူ) စတင်ပေါ်ပေါက်လာပါတယ်။
  • ကျော်၇တန်းလောက်က လူကြီးတွေ computer မှာချစ်တယ် virus မိဖူးတာမှတ်မိသေးတယ်။ အဲ့virus ကဘာဖြစ်လည်းဆို computer ထဲ နေရာအနှံ့ မှာ ချစ်တယ် ချစ်တယ် ဆိုပြီး icon တွေ ပေါ်နေတာ ဖျက်လို့လည်းမတတ်ဘူးအဲ့တုန်းက :) ။ခု အဲ့လို virus လေးတစ်ခုရေးမလားလို့ ဒချိဒချိ :P
            ၂။ virus အမျိုးအစားများ
        virus အမျိုးအစားအများကြီးရှိပါတယ် file တွေပွားတဲ့ virus ရဲ့အဓိကလုပ်ငန်းစဉ် ကတော့သိပ် မသွေဖီပါဘူး ။ ပွားပုံပွားနည်း၊ ပွားတဲ့နေရာ အဲ့တာတွေကွာသွားတာပါ ပြီးမှအပိုဆောင်း အဖျက်လုပ်ငန်းတွေ လုပ်ဆောင်ကြတာပေါ့။ virus ဟာ မူရင်း file ထဲဝင်နေပြီး ထပ်ခါထပ်ခါပွားနေလို့ နောက်ဆုံးဘယ်လိုမှမတတ်နိုင်ပဲ မူရင်း file  ကြီးပါ ဖျက်ပြစ်ရတာမျိုး
 computer ဖွင့်ဖို့လိုအပ်တဲ့ အဓိက အစိတ်အပိုင်းတွေအကုန် ထိခိုက်ကုန်လို့ computer ဖွင့်လို့မရတာမျိုး စသဖြင့် အများကြီးကျန်ပါသေးတယ်။ အဲ့တော့
            ၃။virus မ၀င်အောင်ဘယ်လိုကာကွယ်မလဲ
         virus တွေဟာ အသုံးပြုသူရဲ့  click တစ်ချက် touch တစ်ချက် ကအစပြုလို့ ၀င်ရောက်ကြတာပါ။ အဲ့တော့
  • Phone တွေမှာ application ကိုလက်လွတ်စပယ် install လုပ်တာမျိုးရှောင်ရှားသင့်ပါတယ်။ 
  • Phone or Computer ထဲမှာ Anti virus ရှိပါစေ။ အမြဲတမ်းလည်း update  လုပ်ပေးသင့်ပါတယ်
  • ဖြစ်နိုင်ရင် file တွေကို ကိုယ်မသိတဲ့ စိတ်မချရတဲ့ အရင်းအမြစ်ကနေသွင်းတာကိုရှောင်ရှားသင့်ပါတယ်
  • Online မှာဘာကိုမှ အယုံအကြည်မရှိပါနဲ့  ဘယ်လိုပုံနဲ့ပဲပေါ်လာလာ ပော့ မ နှိပ်မိပာစေနဲ့။ သိတယ်မို့ လား ခုတလော facebook မှာ group တွေထဲမှာ  ဘာ virus တွေပေါ်နေလဲ xD။
  • ဒါဆိုရင်တော့ virus တော်တော်များများကနေ ကင်းလွတ်နိုင်မှာဖြစ်ပါတယ် 
  • ကျေးဇူးတင်ပါတယ်ခင်ဗျာ :)
        Zin Thant ( လွိုင်ကော်နည်းပညာစုစည်းမှု)       "the quieter you become, the more you are able to hear"



No comments:

Post a Comment

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......