မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Sunday, May 17, 2015

android ဖုန်းတွေကိုအသံဖြင့်ခိုင်းစေနိုင်တဲ့ Commamdr application လေးပါ။

ဘော်ဒါတို့အတွက် android ဖုန်းတွေကိုအသံဖြင့်ခိုင်းစေနိုင်တဲ့ Commamdr application လေးပါ။
 Commandr ကတော့Google Now မပြုလုပ်ပေးနိုင်သေးတဲ့ WiFi , Mobile Data, Flash Ligh,tGPS,Bluetooth တွေကိုအဖွင့်၊အပိတ်ကိုအသံဖြင့်ခိုင်းစေနိုင်ပါသည်။တခြားပြုလုပ်နိုင်တာလည်းအများကြီးကျန်ပါသေးတယ်။

အသုးံပြုပုံ
 Commandr ကို အင်စတော လုပ်ပြီးရင် Enable Interception မှာ အမှန်ခြစ်ပေးထားသလားဆိုတာ စစ်ဆေးပါ။ အမှန်ခြစ် မပေးထားရင် အမှန်ခြစ်ပေးပါ။ ပြီးရင် Commandr ကို ခိုင်းစေနိုင်တဲ့ Command တွေကို လေ့လာဖို့ ၊ ပြင်ဆင်သတ်မှတ်ဖို့ အတွက် Built-In Commands ကို နှိပ်ပါ။


အဲဒီမှာ Commandr ကို ခိုင်းစေနိုင်တဲ့ Command များစွာ ရှိပါတယ်။ WiFi ကို ဖွင့်ချင်ရင် turn on wifi လို့ အသံနဲ့ ခိုင်းစေနိုင်ပါတယ်။ turn on wifi ဆိုတဲ့ Command အစား အခြား တစ်ခုကို ပြောင်းလဲချင်ရင် ခဲတံပုံ အိုင်ကွန်ကို နှိပ်ပါ။
 Turn on wifi ကိုဖျက်ပြီး wifi on လို့ သတ်မှတ်နိုင်ပါတယ်။ ဒါမှမဟုတ် Command နှစ်ခုစလုံးကို အသုံးပြုချင်ရင် ကော်မာခံပြီး Command အသစ်ကို ထည့်ပါ။ ပြီးရင်တော့ Set ကိုနှိပ်ပါ။
 ommandr ကို ခိုင်းစေနိုင်တဲ့ အခြား Command များစွာ ရှိပါတယ်။ ဓါတ်ပုံရိုက်ဖို့အတွက် take a picture လို့ ပြောနိုင်ပါတယ်။ Take a selfie လို့ ပြောရင်တော့ အရှေ့ကင်မရာကို ဖွင့်ပြီး ဓါတ်ပုံ အလိုအလျှောက် ရိုက်ပေးမှာဖြစ်ပါတယ်။
 WiFi, Bluetooth, Mobile Data, Wireless Hotspot တို့ကို အဖွင့် အပိတ် လုပ်နိုင်သလို သီချင်းဖွင့်တာ၊ သီချင်းရပ်တာ၊ သီချင်းနောက်တစ်ပုဒ်ပြောင်းတာတို့ကိုလည်း အသံနဲ့ ခိုင်းစေနိုင်ပါတယ်
 Android Phone ကို အသံနဲ့ ခိုင်းစေဖို့အတွက် တစ်နည်းအားဖြင့် Google Now ကို အသုံးပြုဖို့အတွက် Mobile Data ကို အရင်ဖွင့်ပါ။ Voice Search App or Google Now ကို ဖွင့်ပြီး Commandr ရဲ့ Command များကို အသုံးပြုနိုင်ပါပြီ။
 Commandr ရဲ့ ထူးခြားချက်က သူ့ရဲ့ Commands များကို Offline အသုံးပြုနိုင်တာပါ။ ဒါပေမယ့် အသံနဲ့ ခိုင်းစေလို့ မရဘဲ စာရိုက်ရမှာ ဖြစ်ပါတယ်။ စာရိုက်ဖို့အတွက် Google Search Widget ကို အသုံးပြုရမှာ ဖြစ်ပါတယ်။Commandr ကို Android 4.1 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။
လိုအပ်ရင်တော့အောက်မှာဒေါင်းယူနိုင်ပါသည်။


                        ဒီမှာဒေါင်းပါ

       အဆင်ပြေကြပါစေ။ကြိုးစားလျက်
           sai kyaw zin myint(လွိုင်ကော်နည်းပညာစုစည်းမှု)

No comments:

Post a Comment

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......