မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Sunday, May 17, 2015

Power Bank တစ်လုံးကို ရွေးချယ် ဝယ်ယူမယ့်သူတွေ သိထားသင့်တဲ့ အချက် (၆) ချက်

ယနေ့ခေတ်၌့ မိုဘိုင်းဖုန်း သုံးစွဲသူတွေ အတော်လေး များပြားလာပါပြီ ဖုန်းတစ်လုံး၏ သုံးစွဲနိုင်သည့် သက်တမ်းမှာ ဖုန်းအရည်အသွေးနှင့် ထုတ်လုပ်သူပေါ်လိုက်၍ ကွာခြားလေ့ ရှိပါသည်။ ဖုန်းသုံးစွဲသူ အများစုမှာ ခရီးသွားလျှင် ဖုန်းအားထပ်မံ ဖြည့်သွင်းနိုင်ရန်အတွက် အလုပ်ရှုပ်မခံ လိုကြသောကြောင့် အလွယ်တကူ အားဖြည့်သွင်းနိုင်သော Power Bank များကိုသုံးစွဲ လာကြသည်။ Power Bank များ၏ လျှပ်စစ်အား သိုလှောင်မှုနှင့် ရေရှည်သုံးစွဲနိုင်မှုမှာ အမှတ်တံဆိပ်ပေါ် မူတည်၍ ကွာခြားသည်။ Power Bank ဝယ်ယူလိုသူများ အနေဖြင့် မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူ နိုင်ရန်နှင့် သုံးစွဲစဉ် သိထားသင့်သော အချက်များကို စုပေါင်း၍ဖော်ပြ ပေးလိုက်ပါသည်။အောက်မှာလေ့လာလိုက်ပါခင်ဗျာ....




(၁) Brand ရှိသော တံဆိပ်နှင့် Protection Function ပါသော Power Bank ကို ရွေးချယ်ပါ။ အရည်အသွေး ကောင်းသော Power Bank တစ်ခုမှာ Loud, Self-checking, Over Load, Protection, Short Circuit Protection, insulation Protection Function များပါဝင်ပါသည်။
(၂) Conversion rate ကို သတိပြုပြီး မိမိဖုန်း Device နှင့် သင့်တော်သော Power Bank ကိုရွေးချယ် ဝယ်ယူပါ။
(၃) ဈေးနှုန်းနှိမ့်ပြီး mAh များသော Power Bank များမှာ အလွယ်တကူ Voltage instability ဖြစ်စေပြီး ပေါက်ကွဲမှုလည်း ဖြစ်စေပါသည်။ Mobile Phone Device ၏ Power အမျိုးအစားနှင့်အညီ Mobile Power စွမ်းရည်ကို ရွေးချယ်ပါ။ အရည်အသွေး ကောင်းသော 10000 mAh အပြည့်ပါသည့် Power Bank မှာပုံမှန် Smart Phone များကို ၄ ကြိမ်မှ ၅ ကြိမ်ထိ အားသွင်းနိုင်ပါသည်။ ကောင်းသော Power Bank ၏ Conversion rate မှာ ၈၅ ရာခိုင်နှုန်း ပေါ်မှာရှိပြီး အနိမ့် (သို့မဟုတ်) ညံ့သော Power Bank ၏ Conversion rate မှာ ၇၀ ရာခိုင်နှုန်း အောက်မှာသာ ရှိသည်။
(၄) Power Bank ကို ကြာရှည် အသုံးမပြုပါက အနည်းဆုံး တစ်လတစ်ကြိမ် အားသွင်းပေးပါ။
(၅) အစိုဓာတ် ကင်းမဲ့သော နေရာတွင် အသုံးပြုပါက Power Bank အတွက် ပိုကောင်းပါသည်။ Over Cold new, Over Head နှင့် ဓာတုပစ္စည်းရှိသော နေရာတွင် အသုံးမပြုသင့်ပါ။
(၅) Voltage, Current နှင့် Controller နှစ်ခုမှာ မူတည်ပြီး အားသွင်းတဲ့စနစ် ပြောင်းလဲနိုင်ပါသည်။
(၆) Power Bank ၌ရှိသည့်အားကို ကုန်အောင် သုံးစွဲ၍ ရပါသည်။ သိုသော် သိထားသင့်သည်မှာ ပါဝါသုံးစွဲမှု မြင့်မားသော အမြင့်ပိုင်း Device များကို အသုံးပြုလျင် ဖုန်းဘက်ထရီ သက်တမ်းတိုသွား နိုင်ပါသည်။

      internetjournalမှကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။ကြိုးစားလျက်
           
                 sai kyaw zin myint(လွိုင်ကော်နည်းပညာစုစည်းမှု)
      
      

No comments:

Post a Comment

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......