မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Wednesday, May 27, 2015

Android ဖုန်းမှ ၁၀ မိနစ် အတွင်း Facebook Accounts အလွယ် ဖွင့်နည်း ( Code မတောင်းပါ )

Facebook Account ကိုAndroid ဖုန်းမှ ၁၀ မိနစ် အတွင်း Facebook Accounts အလွယ်ဖွင့်တဲ့နည်းလေးပါခင်ဗျာ.....Facebook Account မဖွင့်တတ်သူတွေထိုနည်းဖြင့်ဖွင့်ရလွယ်ကူသလို Account အများကြီးလုပ်ချင်တဲံ့ဘော်ဒါတွေအတွက်လည်း အကန့်အသက်မရှိအကောင့်အများကြီးပြုလုပ်နိုင်ပါသည်။Code မတောင်းပါဘူး။
စမ်းသပ်ပြီးဖြစ်ပါသည်အဆင်ပြေလိုပြန်လည် မျှဝေပေးခြင်းဖြစ်ပါသည်။
Account ပြုလုပ်နည်းကိုအောက်မှာလေ့လာနိုင်ပါတယ်ခင်ဗျာ.....


 Facebook Account ဖွင့်ဖို့အတွက် Gmail Account တစ်ခုလိုပါတယ်။
Gmail Account ဖွင့်နည်းကို အောက်မှာဒေါင်ဲးပြီးလေ့လာလိုက်ပါခင်ဗျာ။

ဖုန်းsettingမှာအလွယ်တကူgmailဖွင့်နည်းစာအုပ်
  http://pc.cd/VA17
ဒါကနောက်တစ်နည်း။gmailဖွင့်နည်း
  http://pc.cd/UE17


Facebook Account ဖွင့်နည်း

1. ဖုန်းမှာ UC Browser ရှိရမှာဖြစ်ပါတယ်။.
မရှိရင် အောက်မှာ ဒေါင်းပြီး Install လုပ်ထားလိုက်ပါ။
                     http://pc.cd/jtCitalK
 2. UC Browser ကိုဖွင့်ပါ.. သူ့မှာပါတဲ့ Facebook ကိုနှိပ်ပါ.



ပြီးရင် Create New Account ကိုနှိပ်ပါ..


3. ဖြည့်ရမယ့် အကွက်တွေ ထဲမှာ ဖြည့်ပါ.. ဒါကိုတော့ အသေးစိတ် မပြောတော့ပါဘူး.. Email မှာ
ခုနက ဖွင့်ထားတဲ့ Email ကို ဖြည့်လိုက်ပါ.. ဆက်နှိပ် သွားရင်တော့ confirm code တောင်းတဲ့
အဆင့်ကို ရောက်သွားပါမယ်..


ဘာမှ မလုပ်ဘဲ ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး ထွက်လိုက်ပါ..

4. ခုနက ပြန်ထွက်ထား ခဲ့တဲ့ UC Browser ကို ဖွင့်လိုက်ပါ.. အီးမေးထဲမှာ Facebook က ပို့
ထားတဲ့ အီးမေး တစ်စောင် ရောက်နေပါမယ်.. မတွေ့ သေးရင် မျဉ်းတို သုံးချောင်းရဲ့ ညာဘက်
က မျဉ်းကွေးလေးကို တစ်ချက်နှိပ်လိုက်ပါ.. Facebook က အီးမေးကို တွေ့ရင် နှိပ်လိုက်ပါ.. အဲဒီ
မှာ Code 5 လုံး ပို့ထား တာကို မှတ်လိုက်ပါ.. ပြီးရင် Home Key ကိုနှိပ်ပြီး ပြန်ထွက် လိုက်ပါ..


5. UC Browser ကိုဖွင့်လိုက်ပါ... Code ဖြည့်ရမယ့် အကွက်ထဲမှာ ခုနက မှတ်ထားတဲ့ ဂဏန်း ၅
လုံးကိုဖြည့်ပြီး Confirm ကိုနှိပ်လိုက်ပါ..


6. ဒီအဆင့်မှာ Profile Information ဖြည့်ရပါမယ်.. ကျွန်တော် ပြထား သလို ဖြည့်လိုက်ပါ.. ဒါက
အလွယ် ပြောတာပါ.. အကွက်တွေထဲမှာ ကိုယ်ဖြည့်ချင်တာကို ဖြည့်လို့ရပါတယ်.. Facebook က
အသိအမှတ်ပြုထားတာကိုလိုချင်ရင်တော့ မြို့နာမည်၊ ကျောင်းနာမည်တွေကို ရေးပြီး ညာဘက်
က Search ကိုနှိပ်.. ပေါ်လာတဲ့ မြို့ ကျောင်း တွေကို ရွေးထည့်နိုင်ပါတယ် ပြီးရင်တော့ Save ပေါ့


7. နောက်တစ်ဆင့်ကတော့ Friend တွေကို Add ပေးရပါမယ်. အနည်းဆုံး Friend 5 ယောက်ကို
Search Box ထဲမှာ ရှာပြီး Add လိုက်ပါ.. လက်ခံမယ့်သူဆို ပိုအဆင်ပြေပါတယ် ၂၄ နာရီအတွင်း
၅ ယောက်လုံးက Friend အဖြစ် လက်ခံရင် ပိုကောင်းပါတယ်..


8. နောက် အဆင့်တွေ မှာတော့ Skip တွေကိုနှိပ်ပြီး ကျော်နိုင်ပါပြီ.. အားလုံးပြီး သွားရင်တော့
Facebook Account တစ်ခု လွယ်လွယ် ကူကူ ရပြီး သွားပါပြီ...

Home Key နှိပ်ပြီး ပြန်ထွက်ကာ Facebook Application ဖွင့်ပြီး ကိုယ့် အကောင့်ကို Log in ဝင်
နိုင်ပါပြီ... ဒီ Facebook App ထဲမှာလည်း မြို့နာမည်၊ ကျောင်းနာမည်တွေ မေးပါတယ်..

အကောင့်လုပ်တုန်းက အတိုင်း ဖြည့်ပေး လိုက်ပါ.. ဒုတိယ အဆင့်နဲ့ တတိယ အဆင့်ကို Skip
လုပ်ပြီး ကျော်လိုက်ပါ.. ဒါဆို သုံးလို့ရပြီ.. အစ အဆုံး အကောင့်ဖွင့်တာ ၁၀ မိနစ်ပဲကြာပါတယ်..

လိုင်း စုတ်လို့ စောင့်နေရတာတော့ မသိဘူးနှော်...



အကောင့်ရပြီ ဆိုပြီး အားရ ဝမ်းသာ ဖြစ် မနေခင် သိထား ရမယ့် စည်းကမ်း aလးတွေ ပြောပြပါ
အုံးမယ်..

1. ၂၄ နာရီ အတွင်း Friend ၁၀ ယောက်ထက် ပိုပြီး Request မပို့ ပါနဲ့
2. အကောင့်သစ်မှာ ပို့စ် အနည်းဆုံး ၃ ခု တင်ပါ.. ပို့စ်မှာ လင့်တွေ မထည့် ပါနဲ့အုံး.. နောက် သက်
တမ်း ကြာလာမှ လင့်တွေ ပါတဲ့ စာတွေ တင်လို့ ရပါပြီ..
3. သူများ ရေးထားတာတွေကို အနည်းဆုံး ၅ ခု Like လုပ်ပါ..
4. အကောင့်သစ်ကို ခု ဖုန်းနဲ့ သုံး၊ ခဏနေ ကွန်ပျူတာနဲ့ သုံး မလုပ် ပါနဲ့အုံး.. အနည်းဆုံး ၂၄ နာ
ရီတော့ ဖုန်းနဲ့ပဲ သုံးနေလိုက်ပါ...ဒါဆိုရင်တော့ အဆင်ပြေပါပြီ..့
အထက်ပါနည်း အတိုင်း တစ်နေ့ကို အရေအတွက် အကန့်အသတ် မရှိ လုပ်နိုင်ပါတယ်..

ဖုန်းရဲ့ Setting> Application> Manage Application သို့မဟုတ် Setting> More> Application
Manager ကိုနှိပ်.. Chrome ကိုနှိပ်.. Clear Data လုပ်.. UC Browser ကိုလည်း Clear Data လုပ်
ပြီး အကောင့်သစ် နောက်တစ်ခု ထပ်ဖွင့်နိုင်ပါတယ်...



Facebook Account အများကြီးနဲံ့လန်းနိုင်ပါပြီခင်ဗျာ.......

      အဆင်ပြေကြပါစေ။ကြိုးစားလျက်

            sai kyaw zin myint(ဟိန်းစတားမိုဘိုင်း)

1 comment:

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......