Facebook မှ Search History များကိုဖျက်ချင်တဲ့ဘော်ဒါတို.အတွက်Facebook မှ Search Historyဖျက်နည်းလေးပါ။
Facebook က သင်ရှာဖွေထားတဲ့Search History အားလုံးကို
သိမ်းဆည်းပေးထားပါတယ်။ အဲဒီအတွက် အရင်က ရှာဖွေထားတဲ့ ပို့စ်တစ်ခုကို
နောက်ပိုင်းမှာ ပြန်လည် ဖတ်ရှုချင်ရင် အဆင်ပြေစေပါတယ်။ Facebook မှာ သင်ရှာဖွေထားသမျှကို Only Me အနေနဲ့
သိမ်းပေးထားတဲ့အတွက် အခြားလူများက မြင်တွေ့နိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့်
သင့်အကောင့်ကို အခြား သူငယ်ချင်း၊ မိသားစုဝင်တွေက ၀င်ကြည့်တတ်ရင် သင့်ရဲ့
ရှာဖွေမှုများကို မြင်တွေ့နိုင်ပါတယ်။ အဲဒီအတွက် Search History ထဲမှာ
အခြားသူများ မမြင်စေချင်တာ ဒါမှမဟုတ် Search History တစ်ခုလုံးကို
ဖျက်ပစ်သင့်ပါတယ်။အောက်မှာလေ့လာလိုက်ပါခင်ဗျာ......
ဒီလိုလုပ်ဖို့ Facebook Home Page ရဲ့ ညာဘက်ထိပ်ရှိ Drop-Down Arrow ကို နှိပ်ပါ။ “ Activity Log” ကို နှိပ်ပါ။
ဘယ်ဘက်ခြမ်းမှ More ခလုတ်ကို နှိပ်ပါ။
Search ကို နှိပ်ပါ။
ရှာဖွေမှုများကို နေ့စွဲများနဲ့ ခွဲခြားပြသပေးထားပါတယ်။ ရှာဖွေမှုတစ်ခုကို
ဖျက်ဖို့အတွက် Block Icon ကို တစ်ချက်နှိပ်ပြီး Delete ကို နှိပ်ပါ။
Confirmation Box ကျလာရင် Remove Search ခလုတ်ကို နှိပ်ပါ။
ရှာဖွေမှုအားလုံးကို ဖျက်ချင်ရင် စာမျက်နှာရဲ့ ထိပ်ဆုံးရှိ Clear Searches ကို နှိပ်ပါ။
Confirmation Box ကျလာရင် Clear Searches ကိုနှိပ်ပါ။
သင့်ရဲ့ မိုဘိုင်းဖုန်း ၊ ကွန်ပြူတာကို သင့်ရဲ့ သူငယ်ချင်းများက မကြာခဏ
အသုံးပြုလေ့ရှိကြမှာပါ။ အဲဒီအတွက် သင့်ရဲ့ Search History များကို
အခြားသူများ မသိစေချင်ရင်တော့ အထက်ပါနည်းလမ်းကို အသုံးပြုပြီး
ဖျက်နိုင်ပါတယ်။ အဆင်ပြေကြပါစေ... ကြိုးစားလျက်
sai kyaw zin myint(လွိုင်ကော်နည်းပညာစုစည်းမှု)
No comments:
Post a Comment