မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Tuesday, May 26, 2015

iDevice များမှာ Apple ID Password ပြန်လည်ရယူခြင်း



iDevice များတွင် အသုံးပြုသော Apple ID ၏ Password မေ့သွားသူများအတွက် မိမိရဲ့ Apple ID Password ကို ပြန်လည်ရရှိနိုင်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကိုယ့်ရဲ့ ID အကောင့်ရဲ့ Password ကို Restart ချလိုက်တဲ့  နည်းလမ်းဖြစ်ပြီး အကောင့်အဟောင်းရဲ့ Username ကိုတော့ သိရှိနေဖို့လိုအပ် ပါလိမ့်မယ်။ အကောင့်အသစ် ပြန်လည်ပြုလုပ်ခြင်း မဟုတ်ပဲ အကောင့်အဟောင်းရဲ့ Password ကိုပဲ ပြန်လည် ပြုလုပ်မှာ ဖြစ်ပါတယ်။


ပထမဆုံး အနေနဲ့ ကိုယ့်ရဲ့ Device ထဲမှာရှိနေတဲ့ Setting ထဲကိုသွားပါ။ Setting ထဲမှာ iTune & App Store ဆိုတဲ့ စနစ်ထဲကို ဝင်လိုက်ပါ။

iTune & App Store ကို နှိပ်လိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာ Apple ID ဆိုတဲ့ နေရာကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ Apple ID အတွက် ပြုလုပ်နိုင်မယ့် အချက်အလက်တွေ ဖြစ်ပါတယ်။ ကိုယ်က အကောင့်ရဲ့ Password ကို မေ့သွားတာ ဖြစ်တဲ့အတွက် iForgot ဆိုတဲ့ စနစ်ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး ထပ်မံမြင်တွေ့ ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းရဲ့ Apple ID ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ Apple ID အကောင့်နာမည်၊ Apple ID ကို လျောက်ခဲ့တဲ့ Gmail, Email အစရှိတဲ့ အကောင့်နာမည်ကို ထည့်သွင်းပေးလိုက်ပါ။ ပြီးရင်တော့ Next ကိုနှိပ် လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ Password ကို ပြန်လည် ရရှိနိုင်ဖို့အတွက် ကိုယ့်ရဲ့ Mail Account ဆီကို Mail ပြန်ပို့ပေးတာကို စောင့်မလား၊ ဒါမှမဟုတ် Security Question ကိုဖြေမလားဆိုတာကို ရွေးချယ်နိုင်တဲ့ နေရာဖြစ်ပါတယ်။ ကိုယ့်စိတ်ကြိုက် နည်းလမ်းနဲ့ ID Password ကိုပြန်လည် ရယူနိုင်ပါတယ်။ လွယ်ကူတာကတော့ Mail ပို့တာကို စောင့်ပြီးပြန်လည် ပြုလုပ်တာက လွယ်ကူပါတယ်။ Security Question တွေကို ဖြေမယ်ဆိုရင်တော့ အကောင့်ကို လုပ်ခဲ့တဲ့ First Name တွေ Lest Name တွေ၊ Mail လိပ်စာတွေ အစရှိတဲ့ မေးတဲ့ Security မေးခွန်းတွေကို ဖြေပေးရပါလိမ့်မယ်။ ဒါကြောင့် Email Authentication ဆိုတဲ့ စနစ်ကိုပဲ ရွေးချယ် လိုက်ပါမယ်။ ဒါဆိုရင်တော Next ကို နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ ကိုယ့်ရဲ့ Apple ID ရဲ့ Password ကို Reset လုပ်လိုက်မှာဖြစ်ပြီး အကောင့်အတွက် Password အသစ်ပြန်ပေး နိုင်ဖို့အတွက် ကိုယ်ထည့်သွင်းလိုက်တဲ့ Mail လိပ်စာဆီကို Mail ပြန်ပို့ပေးမှာ ဖြစ်ပါတယ်။ ပြန်ပို့ပေးတဲ့ Mail ထဲကနေပြီး အကောင့်အတွက် Password အသစ်ကို ပြန်လည် ပြုလုပ်နိုင်ပါတယ်။
       
                အဆင်ပြေကြပါစေ။ကြိုးစားလျက်
                   
                     sai kyaw zin myint(လွိုင်ကော်နည်းပညာစုစည်းမှု)

          internet journal မှကောက်နုတ်ဖော်ပြသည်။

No comments:

Post a Comment

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......