မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Thursday, August 13, 2015

✔ANDROID ဖုန်းတွေ မကြာခဏ HANG နေရခြင်းအကြောင်း✔

 
✔မင်္ဂလာပါခင်ဗျာ✔
ဖုန်းတွေ ဘာလို့ မကြာခဏ Hang နေရတာလဲဆိုတာ အကြောင်းအရင်းများစွာ ရှိပါ တယ်။ CPU နိမ့်နေ တာ ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ဆုံး အခြေအနေကတော့ ဖုန်းမှာပါတဲ့ Built-in Memory လို့ခေါ်တဲ့ Memory ပမာဏနည်းတဲ့ ဖုန်းတွေက ပို Hang တတ်ပါတယ်။ဘာကြောင့် Built-in Memory နည်းတဲ့ ဖုန်းတွေက ပို Hang တာလဲ ? Built-in Memory နည်းတဲ့ဖုန်းတွေက CPU နည်းပါ တယ်။
Built-in Memoryက နည်းနေတဲ့အတွက် External Memory ထပ်ထည့်ရပါ တယ်။ External Memory 8GB, Built-in Memoryက 125 MB ရှိနေတဲ့ ဖုန်းတစ်လုံးဟာ မကြာခဏ Hangနေတယ်။ ဘာကြောင့်လဲဆိုရင် ဖုန်းထဲမှာ သွင်းထားတဲ့ Applica tion တွေများနေတယ်။ Built-in Memory ရှိသလောက်ကို Applicationတွေ သွင်း
ထား တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက


 External Memory 8GBကို 7GB လောက် Dataတွေ ထည့်ထားတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အဲ့ဒီလို အခြေ အ နေမျိုးမှာ ဖုန်းက OSကိုလဲ Runနေရတယ်။ တစ်ခြား Application တွေကိုလဲ Run နေရတဲ့ အတွက် သူလုပ်နိုင်တဲ့ စွမ်းရည်ထက် ကျော်လွန်သွား တဲ့အခါ တစ်ခါ တလေ Hangတတ်ပါတယ်။Built-in Memory နည်းတဲ့ ဖုန်းတွေကို အဲ့လို မဖြစ်အောင် ဘယ် လိုလုပ်မလဲ?ရှင်းပါတယ်၊ သူလုပ်နိုင်သလောက် တာဝန်ကိုပဲ လုပ်ခိုင်းပါ။ CPU နည်း တဲ့အတွက် သူရဲ့အလုပ် လုပ်နိုင်စွမ်း လည်း နည်းပါတယ်။
ဖုန်းတစ်လုံးက Built-in Memory 125 MB, CPU 800 MHz ရှိတယ် ဆိုပါစို့။ အဲ့ဒီ Memoryက Android Os ရဲ့ Data ပမာဏကို နုတ်ပြီး လက်ကျန် Memory ဖြစ် ပါတယ်။ နဂိုထဲက Memory နည်း နေတဲ့အတွက် Application အများကြီး သွင်းလို့ မရပါဘူး။ ဖုန်းထုတ်တဲ့ လူတွေက ဒါ ကို တွက်ချက် ပေးပြီးသားပါ။
Applicationတွေကို အစကတည်းက လိုအပ်သလောက် ထည့်ပေးပြီးသားပါ။ User လက်ထဲရောက်မှာသာ စိတ်ကြိုက် Application ထည့်လို့ရအောင် Memory ချန်ပေး ထားတာပါ။ Built-in Memoryပေါ်မှာ Android Osကလဲ အလုပ်လုပ်နေတယ်၊ Appli cation တွေကလဲ အလုပ် လုပ်နေပါတယ်။ Built-in Memory နည်းတဲ့ ဖုန်းတွေကို External Memory တတ်နိုင်သမျှ အများဆုံး ထည့်ပါ။ Applicationတွေ လိုအပ် သ လောက်ပဲ ထည့်ပါ။ ဂိမ်းကို အချိန် ကြာမြင့်အောင် မဆော့ပါနဲ့။ Recentတွေကို ဖျက်ပေးပါ။ Call Logတွေ အများကြီး သိမ်းမထားပါနဲ့ ဖျက်လိုက်ပါ။
တစ်ပတ် တစ်ခါလောက် ဖုန်းကို Restart လုပ်ပေးပါ။ ဖုန်းဖွင့်ထားဖို့ မလိုအပ်တဲ့ အချိန် တွေမှာ ဖုန်းကို ခဏ ပိတ်ထားပါ။ ဖုန်းဆိုတာ ကွန်ပျူတာထက် အလုပ် ပိုလုပ် ပါတယ်။ ကွန်ပျုတာက အလုပ်လုပ်ပြီးရင် ပိတ်တဲ့အချိန်တွေ ရှိပါတယ်။ ဖုန်းကို Power ပိတ်တဲ့အချိန်က နည်းပါတယ်။ ဒါကြောင့် တစ်ခါတလေ အနားပေးသင့်ပါတယ်။ စက် ပစ္စည်းဆိုတာ လူတွေနဲ့ အတူညီဆုံး ပုံစံတွေယူပြီး တီထွင်ထားတာပါ။ သူတို့လဲ လူ တွေလို အနားပေးသင့်ပါတယ်။ လုပ်နိုင်စွမ်းထက် ပိုလာရင် ဘယ်အရာပဲဖြစ်ဖြစ် ပျက် စီးလွယ် ပါတယ်။ဒီလိုနည်းလမ်းတွေနဲ့ ဖုန်း မကြာခဏ Hang နေတယ်ဆိုတဲ့ Error ကို အတတ်နိုင် ဆုံး ဖြေရှင်း လို့ရ ပါတယ်ခင်ဗျာ...

အဆင်ပြေကြပါစေ၊ကြိုးစားလျက်

 sai kyaw zin myint(ဟိန်းစတားမိုဘိုင်း)

 Credit: M.I.A (နည်းပညာ)

 

No comments:

Post a Comment

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......