မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Tuesday, August 25, 2015

✔Facebook Profile or Page ? သင့်ရဲ့ စီးပွားရေးလုပ်ငန်းအတွက် ဘယ်အရာကို ရွေးချယ်သင့်သလဲ? ✔

Profiles-vs-pages1
✔မင်္ဂလာပါခင်ဗျာ✔ 
စီးပွားရေးလုပ်ငန်းများအတွက် Facebook Page များကို အသုံးပြုမှုများပြားပေမယ့် အချို့တွေကလည်း Facebook Profile ကို အသုံးပြုနေကြတုန်းပါပဲ။ Social Media Marketing အတွက် Facebook Page တည်ထောင်ခြင်းဟာ Profile ထက် အကျိုးများစွာ ဖြစ်ထွန်းစေပါတယ်။ ဒါပေမယ့်လည်း Facebook Page ရဲ့ အားသာချက်တွေကို ရှင်းရှင်းလင်းလင်း မသိကြသေးသူများစွာ ရှိပါတယ်။ အဲဒီအတွက် Facebook Page ဟာ Profile ထက် စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုတဲ့ နည်းလမ်းများကို မျှဝေလိုက်ပါတယ်။

Facebook Profile ရဲ့ ရည်ရွယ်ချက်များ
Facebook Profile များဟာ သင့်ရဲ့ မိသားစုများ၊ သူငယ်ချင်းများနဲ့ ဆက်သွယ်ပြီး ဓါတ်ပုံများ၊ ဗီဒီယိုများ၊ လင့်များကို မျှဝေဖို့နဲ့ Brands , Celebrities များနဲ့ ဆက်သွယ်ဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ Facebook ကုမ္ပဏီကလည်း Profile များကို စီးပွားရေးလုပ်ငန်းနဲ့ အဖွဲ့အစည်းများက အသုံးပြုရအောင် ရည်ရွယ်ထားတာ မဟုတ်ပါဘူး။
Facebook ရဲ့ Statement of Rights and Responsibilities အရ ပုဂ္ဂလိကအတွက် မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းအတွက် Profile ကို အသုံးပြုခြင်းဟာ သူ့ရဲ့ စည်းကမ်းကို တိုက်ရိုက် ချိုးဖောက်နေတာ ဖြစ်ပါတယ်။ ပရိုဖိုင်ကို စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုရင် ကုမ္ပဏီက သင့်ရဲ့ ပရိုဖိုင်ကို ဖျက်သိမ်းခွင့်တောင် ရှိပါတယ်။
Facebook Page ရဲ့ အားသာချက်များ
စီးပွားရေးလုပ်ငန်းအတွက် Facebook Page များဟာ အကောင်းဆုံးဆိုတာ ရှင်းပါတယ်။ အကြောင်းပြချက်များကို အောက်မှာ ဆက်ဖတ်ပါ။
၁။ Pages များဟာ Public ဖြစ်ပြီး လွယ်ကူစွာ Share လုပ်နိုင်ပါတယ်။
သင့်ရဲ့ Page မှ ပို့စ်တစ်ခုကို လူတွေက Like, Share, Comment ပြုလုပ်ရင် သူတို့ရဲ့ Personal Profile ( Timeline ) နဲ့ သူငယ်ချင်းများရဲ့ Newsfeeds များမှာ အဲဒီပို့စ်ကို ပြသပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ Page ကို Like ပြုလုပ်ထားခြင်း မရှိသူများသာမက Like ပြုလုပ်ထားတဲ့ သူများက သင့်ရဲ့ Page နဲ့ ပို့စ်များကို မြင်တွေ့နိုင်ပါတယ်။
၂။ အရောင်းမြှင့်တင်ခြင်းများ ပြုလုပ်နိုင်ပြီး ပရော်ဖက်ရှင်နယ် ကျကျ Content များကို ပြသနိုင်ခြင်း။
သင့်ရဲ့ Page မှာ Tabs များနဲ့ အခြား Apps များကို ထည့်သွင်းခြင်းဖြင့် Promotion များကို စနစ်တကျပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ Page မှာ ပြိုင်ပွဲများ၊ ကံစမ်းမဲများကို ပြုလုပ်ဖို့ အကောင်းဆုံး ဖြစ်ပြီး ပရိုဖိုင်များမှာတော့ ဒီလို ပြုလုပ်ဖို့ Facebook က ခွင့်မပြုပါဘူး။
၃။ Fans များရဲ့ လှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း။
Facebook က သင့်ရဲ့ Page မှာ ဘယ်လို Content အမျိုးအစားများဟာ လူစိတ်ဝင်စားမှုအများဆုံးလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ Facebook Insights ဆိုတဲ့ Tool ကို ပြုလုပ်ပေးထားပါတယ်။ သင့်ပို့စ်များရဲ့ Organic Reach , Paid Reach များကို ခွဲခြားပြသပေးနိုင်ပါတယ်။ ပို့စ်တစ်ခုကို Like, Share, Comment လုပ်တဲ့ Engagement ကိုလည်း ပြသပေးမှာ ဖြစ်ပါတယ်။ သင့်ရဲ့ Fans တွေ ဘယ်အချိန်မှာ အွန်လိုင်းပေါ် အများဆုံးရောက်ရှိလဲဆိုတဲ့ သတင်းအချက်အလက်ကိုလည်း သိနိုင်ပါတယ်။
၎။ Profiles များအတွက် Friends ငါးထောင်သာ ကန့်သတ်ထားပါတယ်။
သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို Personal Profile ကနေ အရောင်းမြှင့်တင်ချင်ရင် ကန့်သတ်ချက်တွေရှိနေပါတယ်။ Facebook က Profile တွေအတွက် သူငယ်ချင်းအရေအတွက်ကို ငါးထောင်သာ ထားရှိခွင့်ပြုထားပါတယ်။ Page တွေမှာတော့ Fan အရေအတွက် အကန့်အသတ်မရှိပါဘူး။
၅။ ကြော်ညာနိုင်ခြင်း။
Page တစ်ခုထောင်ထားရင် ထုတ်ကုန်နဲ့ ၀န်ဆောင်မှုတွေကို လူများစွာ သိရှိအောင် ကြော်ညာနိုင်ပါတယ်။ Profile အတွက်တော့ ဒီအခွင့်အရေး မရှိပါဘူး။ ကြော်ညာတဲ့ နေရာမှာလည်း အသက်အရွယ်၊ လိင်အမျိုးအစား၊ တည်နေရာ၊ စိတ်ဝင်စားမှုတို့အလိုက် မိမိကုန်ပစ္စည်းကို နှစ်သက်မယ့် လူများကို Target ထားပြီး ကြော်ညာနိုင်တာက အလွန်ထိရောက်ပါတယ်။ ဒါ့အပြင် ပြိုင်ဖက်များရဲ့ ဖောက်သည်များကို ပစ်မှတ်ထားပြီး စွဲဆောင်နိုင်တာက ဈေးကွက်မြှင့်တင်ရေးမှာ အဓိက ကျလှပါတယ်။
၆။ Schedule ပြုလုပ်နိုင်ခြင်း။
Facebook Insights မှာ ဖောက်သည်များ အွန်လိုင်းပေါ်မှာ အများဆုံး ရှိနေတဲ့ အချိန်နဲ့ နေ့ရက်တွေကို သိရှိနိုင်တဲ့အတွက် အဲဒီအချိန်တွေမှာ ပို့စ်တွေကို Schedule လုပ်ပြီး တင်နိုင်ရင် Organic Reach ဖြစ်မှုနှုန်း မြင့်မားမှာ ဖြစ်ပါတယ်။ ဒီလို Schedule လုပ်ဖို့အတွက် Page တွေမှာသာ ပြုလုပ်နိုင်ပြီး ပရိုဖိုင်တွေမှာတော့ Third-Party Tool တစ်ခုကို အသုံးပြုရမှာပါ။
၇။ Facebook Places နှင့် ချိတ်ဆက်နိုင်ခြင်း။
သင့်ရဲ့ စီးပွားရေးလုပ်ငန်း Page ကို Facebook Places နဲ့ ချိတ်ဆက်ထားနိုင်ပါတယ်။ ရလဒ်အားဖြင့် သင့်ရဲ့ စားသောက်ဆိုင်၊ အရောင်းဆိုင်ကို လူတွေ လာရောက်ကြတဲ့အခါမှာ Check In ပြုလုပ်နိုင်တဲ့အတွက် သူတို့ရဲ့ သူငယ်ချင်းတွေက သင့်ရဲ့ စားသောက်ဆိုင်၊ အရောင်းဆိုင်ကို ပိုမိုသိရှိလာကြမှာ ဖြစ်ပါတယ်။
၈။ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို ပြသနိုင်ခြင်း။
Business Page တစ်ခု တည်ထောင်ထားရင် Category, Mission Statement, Products, Awards, Founded စတဲ့ သင့်စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရေးသားထားနိုင်ပါတယ်။ အဲဒီအတွက် စားသုံးသူတွေက သင့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်ပါတယ်။
၉။ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ စွမ်းဆောင်ချက်များ ပါရှိခြင်း။
Page အနေနဲ့ ပို့စ်တစ်ခုတင်ရင် အဲဒီပို့စ်ကို ပစ်မှတ်ထားချင်တဲ့ ဖောက်သည်များကို Gender, Relationship Status, Education Level, Age, Location, Language, Interests, Post End Date စသဖြင့် ရွေးချယ်နိုင်ပါတယ်။ အဲဒီပို့စ်ကို နှစ်သက်နိုင်တဲ့ လူများကို ပစ်မှတ်ထားခြင်းဖြင့် Engagement တက်လာမှာ ဖြစ်ပါတယ်။
၁၀။ Admin Roles များ သတ်မှတ်နိုင်ခြင်း။
Page တွေအတွက် Admin Roles များ သတ်မှတ်နိုင်ခြင်းက အကျိုးရှိစေပါတယ်။ သင့် Page ကို ကိုင်တွယ်တဲ့ ၀န်ထမ်းများစွာ ရှိတယ်ဆိုရင် သက်ဆိုင်ရာ တာဝန်အလိုက် Admin Roles များ သတ်မှတ်ထားနိုင်မှာ ဖြစ်တဲ့အတွက် သင့်ရဲ့ Page ဟာ ချောမွေ့စွာ လည်ပတ်နေမှာ ဖြစ်ပါတယ်။
 
အဆင်ပြေကြပါစေ၊ကြိုးစားလျက် 

sai kyaw zin myint(ဟိန်းစတားမိုဘိုင်း)

credit>> myanmardigitallife Journal

 

No comments:

Post a Comment

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......