မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Sunday, August 9, 2015

✔ XMOD Install လုပ်နည်းနှင့် COC တွင်အသုံးပြုပုံ ✔

✔ မင်္ဂလာပါခင်ဗျာ✔ 
 XMOD Install လုပ်နည်းနှင့် COC တွင်အသုံးပြုနည်းလေးဖြစ်ပါတယ်ခင်ဗျာ...
 ဒီ tutorial သည် Andriod တွင်ပြုလုပ်ပုံဖြစ်ပါသည်
Ios user များလဲအောက်ပါ tutorial အတိုင်း ပြုလုပ်ကြည့်ပါ ....

***ဂရုပြုရန်***
(1) သင် Xmod ကိုအသုံးပြုမယ်ဆို သင် Andriod User ဆို သင့် Android Phone မှာ Root ရှိရပါမယ် ...သင် IOS User ဆို သင့် iPhone ဟာ Jailbroken ဖြစ်ရပါမယ် ...


(2)ယခုအချိန် မှာ Xmod ကို Android 5.0(Lollipop) မှာအစုံအသုံးပြု နိုင်ပါတယ်..

(3) Xmod ကို Bluestacks ,Genymotion
နဲ့ တစ်ခြား virtual machines တွေနဲ့ တွဲသုံးလို့  မရသေးပါဘူး..ဒါပေမယ့် Bluestacks စသည်တို့ 
နဲ့  တွဲသုံးလို့ ရ အောင် XMod new version တစ်ခုပေါ်အုံးမှာပါ( ကျွန်တော့် အမြင်PC အတွက်ဖြစ်ဟန်တူပါတယ်)
****************************



Xmod ကို Install လုပ်ပြီးရင် Open လုပ်လိုက်ပါ
Xmod ရဲ့  ပထမစာမျက်နှာကို ပုံ (1) အတိုင်းတွေရပါလိမ့် မယ် ..




ဒီ စာမျက်နှာမှာ Modded လုပ်လို့  ရမည့် Game စာရင်းကိုတွေ့  ရမှာပါ
Clash of Clan Menu လေးကို နှိပ်လိုက်ပါ-ပုံ(2)တွင်ကြည့်ပါ(Launch ဆို တဲ့ button ကို မနှိပ်ရပါဘူး ...မဟုတ်ရင်အဆင့်ကျော်သွားမှာပါ)



ပြီးရင် Install Mod Button လေးကို နှိပ်ပါ..
ပုံ (3)တွင်ကြည့်ပါ...Clash of clan အတွက် Mod သွင်းနေပါပြီ 

5-10 seconds လောက်စောင့်ပေးပါ
ပြီးရင်တော့ Launch button ကိုနှိပ်ပြီး Clash of clan ကိုဖွင့်လို့ ရပါပြီ ...
Small Robot လေးကို Clash of clan Game screen ပေါ်မှာမြင်ရပါမယ်-ပုံ(4)ကိုကြည့်ပါ-

(အရင် Version တုန်းက X ပုံစံ သင်္ကေတလေးပါ)
ထို Small Robot button လေးကို နှိပ်ပါ
ထိုနောက်ပေါ်လာသော box လေးမှ အပြာရောင် Xmod button လေးကို နှိပ်၍ application
ကိုဖွင့် ပါ ...
ပုံ-(5) နှင့် (6)ကိုကြည့်ပါ
***************************



Xmod လုပ်ဆောင်ချက် နှင့် အသုံးပြုပုံ
*******************************************
တိုက်ချင်တဲ့ ပြိုင်ဘက် ကိုရှာဖွေရာ မှာကူညီခြင်း
***************************************
Xmod ဟာ တိုက်ချင်တဲ့ ပြိုင်ဘက် ကို ရှာဖွေရာမှာ အလိုအလျောက်ရှာဖွေပေးပါတယ်
သင် Farming(attack other base for loot) လုပ်ရာမှာ Next button ကို ထပ်နှိပ်စရာ မလိုတော့ပါဘူး.,
ဒီလိုရှာဖွေပေးရာမှာ ရွေးချယ်ပိုင်ခွင့် 5 ခု ကတော့
Gold,Elixir,Dark Elixir,Trophy and maximum TownHall တို့ ပဲဖြစ်ပါတယ်
***အသုံးပြုပုံ***
Small Robot ကို နှိပ်၍ ပေါ်လာသောအပြာရောင် Xmod Button ကို နှိပ်ပါ-ပုံ(6)အတိုင်းတွေရပါမယ်..

ဥပမာ-
သင် Gold နဲ့  Elixir ကို 200000 ,Dark elixir ကို 1500လိုချင်ပါလျှင် ပေါ်လာသော Box ထဲမှ
Gold more than ကို နှိပ်၍ 200000 ဟုရိုက်ပါ
အလားတူ Elixir more than ကိုနှိပ်၍200000ဟုရိုက်ပါ
အလားတူ Dark Elixir more than ကိုနှိပ်၍ 1500ဟုရိုက်ပါ
ပြီးလျင် Search switch ကို On ပါ
Xmod မှအလိုအလျောက် သင်ရေးထားသည့် loot ပမာဏထဲမှ တစ်ခုခု နှင့်တူသည့် (Gold or Elixir or Dark Elixir or Both)Base ကိုရှာပေးပါလိမ့်မည်..
Meet all the condition ကို On ထားပါ က ပို၍ တိကျပါသည်(သင်ရေးထားသည့် 3 မျိုး လုံးတူ)
****ရှာလို့ တွေလျင် ရပ်သွားပါလိမ့်မည်****
အလို အလျောက် Search မလုပ်ပါက ကိုယ်တိုင် တစ်ခါ နှစ်ခါ Search Button နှိပ်ပေးပါလျင်
Auto Search ပြန် အလုပ်လုပ်ပါသည်
********************************


Sand box attack
**********************
Sand box attack သည် တစ်ခြား Player များကို Farm base or War base အစမ်းတိုက်ခြင်းကိုလုပ်ဆောင်ပေးပါသည်
ဒါက Xmod for Coc ထဲက အစွမ်းဆုံးလုပ်ဆောင်ချက်လို့  ဆိုထားပါတယ်
***အသုံးပြုပုံ***
အရင် ဆုံး Sand Box Attack ကို On ထားပါ..
ထိုနောက်သင် တစ်ခြား Base ကို visit or scout နိပ်၍အစမ်းတိုက်ကြည့် နိုင်ပါသည်..
(ဂရုပြုရန်-Attack ထဲမှမတိုက်ရပါ)
သင် Clan War ထဲမှာ အစမ်းတိုက်ကြည့်ဖို့  အတွက် အကောင်းဆုံးပါပဲ..
Clan castle ထဲ မှ troops ထဲမှာဘာရှိတယ်
Giant Bomb
Hidden tesla
Hidden trap တို့ ဘယ်မှာလဲဆိုတာ အရင်သိရမှာပါ-ပုံ(7) ကိုကြည့်ပါ
***********************

သင် အနေနဲ့  Trophies ရရန် အတွက် အပြင်ထုတ်ထားတဲ့  TH များကို Xmod နဲ့ ရှာ နိုင်
ပါတယ်(sniping TH)
***Maximum TH distance from Edge***နဲ့  ပါ
သူကိုဖွင့် လိုက်ရင် Scroll bar တစ်ခုပြပါမယ်
Scroll ရဲ့  နံပါတ်တွေက TH နဲ့  မြေပုံ အစွန်းကြားအကွာအဝေးပါ
သင် နံပါတ် ကို (1-4) မှာထားသင့်ပါတယ်
**************************
Keep Active က အမြဲ Online ဖြစ်နေဖို့  ပါ
Keep Active ကို On ပြီး Internet ဖွင့်ထားမယ်
Screen auto sleep ကို Never လုပ်ထားဖို့  လိုပါတယ်
Active ဖြစ်ရင် တစ်ခြား Player တွေလာတိုက်လို့  မရတော့ပါဘူး
**************************
ဒါတွေဘဲလား??? မဟုတ်ပါဘူး....
***XMOD အသစ်မှာ လုပ်ဆောင်ချက်အသစ်တွေပါလာပါပြီ***


(1)Clan castle မှာ Troops မရှိတောင် အစမ်းတိုက်ဖို့  လိုချင်တဲ့ Troops ကို Training မလုပ်ပဲ ရွေးချယ်နိုင်ပါတယ်(Max 35)
***Set target's castle troops***မှာရွေးပေးရုံပါ

(2)Sand box attack အတွက်လဲ Troops ကို အရေအတွက်အကန့် အသတ်မရှိ ယူသွားနိုင်ပါတယ်
Sand box attack မတိုက်ခင် troops လဲ
Train စရာမလိုတော့ပါဘူး
-ပုံ(8)ကို ကြည့်ပါ( World Top player တောင်
သင်လက်အောက်မှာပြားပြားဝပ်သွား နိုင်ပါတယ်-ဤကား စကားချပ်)

Hidden Telsa နဲ့ trap မပေါ်လဲ troops ကြိုက်သလောက်ချ၍ ရှာနိုင်သေးပါတယ်-ပုံ(9)
ကိုကြည့်ပါ

တကယ်တိုက်တဲ့ အချိန်မှသာ Sever
နဲ့ ချိတ်သည့်အတွက် Hidden telsa ,Hidden trap မှန်သမျှကို ပုံ(10) အတိုင်းမြင် နိုင်မှာပါ

*************************************
***သင် XMOD အလုပ်မလုပ်တော့ရင်***
***သင် Phone Screen မှာ XMOD မပေါ်တော့ရင်***
(1) Xmod ကို uninstall လုပ်ပါ
(2)Cleaner application တစ်ခု နဲ့  Phone ကို
သန့် ရှင်းရေးလုပ်ပါ
(3)Phone ကို restart ချပါ
(4)Xmod ကိုပြန် install လုပ်ပါ
ဒီနည်းလမ်းက Xmod ပြဿနာတော်တော် များများ
ကိုဖြေရှင်းနိုင်ပါတယ်
နောက်ဆုံး Coc version နဲ့  နောက်ဆုံး Xmod ဖြစ်ဖို့ တော့ လိုပါတယ်
*****************************

***mod ကို Update ဘယ်လိုလုပ်မလဲ***
**********************************************
တစ်ခါတစ်ရံ CoC version အသစ်ထွက်တဲ့  အချိန်မှာ သင် mod ကိုUpdate မလုပ်ဘူးဆို XMod အလုပ်မလုပ်တော့ပါဘူး
Mod update လုပ်ရတာလွယ်ပါတယ်
Xmod ကိုဖွင့်ပြီး Coc menu ထဲဝင်ပါ Update Mod button ကိုတွေ့ ရင်နှိပ်ပါ
ပြီးပါပြီခင်ဗျာ...
********************************

 XMOD FOR ANDROID AND IOS

★★ DOWNLOAD HERE ★★ 

ပေးထားသောဒေါင်းလော့လင့်မှမိမိဖုန်းအမျိုးအစားအတွက်ရွေးချယ်ပြီးဒေါင်းပါခင်ဗျာ...


အဆင်ပြေကြပါစေ၊ကြိုးစားလျက်

 sai kyaw zin myint(ဟိန်းစတားမိုဘိုင်း)

 Credit>myanmar-it-group

 

No comments:

Post a Comment

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......