မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Saturday, August 15, 2015

✔မိမိသိလိုသော Ooredoo ဖုန်းနံပါတ်၏ Bill လက်ကျန်အချက်အလက် နှင့် IMEI သိရုံဖြင့် ဖုန်းနံပါတ်တို့ကိုထောက်လှမ်းနိုင်သော App ✔


 11864793_434318013436638_5831597067632464569_o
✔မင်္ဂလာပါခင်ဗျာ✔
မိမိသိလိုသော Ooredoo ဖုန်းနံပါတ်၏ Bill လက်ကျန်အချက်အလက် နှင့် IMEI သိရုံဖြင့် ဖုန်းနံပါတ်တို့ကိုထောက်လှမ်းနိုင်သော App ကို မြန်မာ IT ပညာရှင်တစ်ဦးကထုတ်ပြခဲ့သည်။ အဆိုပါ ဖုန်း application အားရေးသားသူ ကိုကျော်စွာသွင်က “ဖုန်းရဲ့ IMEI နံပါတ် သိရုံနဲ့ Phone Number ကိုထောက်လှမ်းနိုင်ပါမယ်။
Phone Number သိရုံနဲ့ ငွေလက်ကျန်၊ ဝယ်ယူထားတဲ့ Internet Package လက်ကျန်တွေကို ထောက်လှမ်းနိုင်ပါလိမ့်မယ်။ တစ်ဖက်ကဖုန်းထဲမှာ ဒီ App ရှိနေစရာမလိုပါဘူး။  တစ်ဖက်ကဖုန်းက Keypad ဖြစ်နေရင်တောင်မှ ထောက်လှမ်းနိုင်ပါလိမ့်မယ်။” လို့ပြောဆိုထားပါတယ်။
ဒီ app ကိုအသုံးပြုပြီး Track လုပ်ဖို့ Internet Connection လိုမှာဖြစ်ပြီး စမ်းသပ်ချိန်မှာ Ooredoo ဖုန်းအင်တာနက်နဲ့မဟုတ်ဘဲ အခြားအင်တာနက်လိုင်းတစ်ခုခုဖြင့် စမ်းသပ်ရန်လည်း အကြံပြုထားပါတယ်။ ။အချက်အလက်တွေကို Ooredoo Server ကနေရယူထားတယ်လို့ဆိုပါတယ်။ လုံခြုံရေးစမ်းသပ်ချက်တစ်ခုသာဖြစ်ပြီး အခြားရည်ရွယ်ချက်မရှိပါကြောင်းကိုလည်း Developer ကိုကျော်စွာသွင်က ပြောကြားခဲ့ပါတယ်။


Ooredoo Tracker app ဖြင့်စမ်းသပ်အသုံးပြုလိုကြတယ်ဆိုရင်တော့ အောက်က link များမှာရယူနိုင်ကြောင်းလည်းသိရပါတယ်။

google playstore လင့်မှဒေါင်းရန်


mediafire လင့်မှဒေါင်းရန်


အဆင်ပြေကြပါစေ၊ကြိုးစားလျက် 

sai kyaw zin myint(ဟိန်းစတားမိုဘိုင်း)

copy right>>MMAS

 

1 comment:

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......