မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Tuesday, August 18, 2015

✔SC8620 အမျိုးအစားသုံး ဖုန်းများအတွက် Reset ချနည်း ✔

✔မင်္ဂလာပါခင်ဗျာ✔ 
SC8620 သုံးထားတဲ့ China Hanset များအပြင် Recovery ၀င်မရတဲ့ဖုန်းတွေအတွက် Pattern Lock တို့ Pin Lock တို့ကျတေတဲ့အချိတ် reset ချနိုင်ရန်တစ်ခါတင်ပေးထားဖူးပါတယ်။ အခု နောက်ပိုင်း SC8620 အမျိုးအစားသုံးထားတဲ့ My Phone တို့ Mobilo စတဲ့ဖုန်းတွေထွက်လာတဲ့ နောက်ပိုင်း Screen Lock မေ့နေကြတဲ့အခါ ပြန်ဖြည်ဖို့တော်တော်အဆင်မပြေတွေ့ရပါတယ်။ PC နဲ့ချိတ်ပြီး software တွေနဲ့ဖြည်ဖို့အတွက်ကျတော့လဲ Debugging on မထားမိလို့အဆင်မပြေ။ Recovery mode ၀င်ဖို့အတွက်ကျပြန်ရင်လဲ Android ကောင်လေးပေါ်လာပြီး recovery mode ကို မရောက်နဲ့ အဆင်မပြေတာတွေတွေ့နေလို့ ပာိုအရင်တင်ထားဖူးတဲ့ post အပောာင်းလေးကိုပြန်တင်ပေး လိုက်ပါတယ်။ သူ့ကို reset ချရန်အတွက်လိုအပ်တာကတော့ Wipe_userdata လေးပါပဲ။ ကျတော်လဲအရင် က သူများဆီကရထားတာလေးပါ။ တော်တော်လေးအဆင်ပြေပါတယ်။ လုပ်ပုံလုပ်နည်းကလဲလွယ်ကူပါတယ်။ အရင်ဆုံး Computer ကနေ ResearchDownload ဆိုတဲ့ Downloader file လေးကိုဖွင့်လိုက်ပါ။ ပြီးရင် Wipe_userdata ကိုထည့်ပေးရပါမယ်။ ResearchDownload ရဲ့အပေါ်ဆုံးက အရင်ဆုံးတွေ့ရတဲ့ စက်သွားပုံလေးကို Click လိုက်ပါ။ Box လေးတစ်ခုကျလာပါမယ်။ အဲဒီကနေပြီး မိမိ Download ရယူထားတဲ့ Wipe_userdata လေးကို လမ်းကြောင်းလေးရွေးပြီး ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ Play logo လေးကိုနှိပ်လိုက်ပါ။ ဒီအဆင့်ထိပြီးပြီဆိုရင်တော့ Screen Lock ကျနေတဲ့ C8620 အမျိုးအစားသုံး Handset ကို Power ပိတ်ပြီး Battery ခဏဖြုတ်လိုက်ပါ။ 30 seconds လောက်နေရင် Battery ပြန်တက်ပြီး volume down ကိုဖိထားရက်နဲ့ Computer နဲ့ ဖုန်းကို ချိတ်ဆက်လိုက်ပါ ( USB ကြိုးထိုးလိုက်ပါ။ ) … ResearchDownload မှာ အလုပ်လုပ်နေပြီဆိုရင် volume down ကို လွှတ်လိုက်ပါ။ ResearchDownload မှာ အလုပ်လုပ်နေတာပြီးသွားလို့ PASS ဆိုပြီးပြလာရင်တော့ Reset ချတာပြီးပါပြီ။ Battery လေးပြန်ဖြုတ် / ပြန်တက်ပြုလုပ်ပြီး Power ဖွင့်လိုက်ပါ။ Screen Lock ပြုတ်ပြီး ဖုန်းကို reset ချထားတာတွေ့မြင် ရပါပြီ ခင်ဗျာ။ အပေါ်က data လေးတွေကိုလိုအပ်မယ်ဆိုရင်တော့ အောက်ကလင့်လေးတွေမှာ Download ရယူလိုက်ပါ။


SC8620_Wipe_userdata >>> http://www.solidfiles.com/d/f5e50ef5c8/ ResearchDownload        >>> http://www.solidfiles.com/d/bccb5b9520/ SPD Driver                    >>> http://www.solidfiles.com/d/b44f098887/
Remark >>> Driver မသိခဲ့ပါက SPD Driver လေးကို Run ပေးလိုက်ပါ။
PDF စာအုပ်လေးအဖြစ်သိမ်းဆည်းထားချင်တဲ့သူတွေကတော့
အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါပြီ



Download Here

Ko Htoo ( MMAS )

အဆင်ပြေကြပါစေ၊ကြိုးစားလျက်

 sai kyaw zin myint(ဟိန်းစတားမိုဘိုင်း)

 

No comments:

Post a Comment

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......