မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Friday, August 14, 2015

✔IPhone အတုအစစ်ခွဲနည်း✔

 
✔မင်္ဂလာပါခင်ဗျာ✔
 IPhone အတုအစစ်ခွဲနည်းလေးဖြစ်ပါတယ်ခင်ဗျာ...
 ခုနောက်ပိုင်းအသုံးများနေကျတဲ့ 5/6/7/8/ plus plus တွေပေါ့နော် 7/8 တွေတော့မထွက်သေးပါဖူး ပန်းသီးချစ်သူများမျှော်နေကျတာပြောပါတယ်။😊😊
ခုပြောသွားမှာတွေက ခုမှစတင်ပြီးကိုင်မယ့်သူများကော လက်ရှိသုံးနေတဲ့သူတွေအဖို့ကတော့ ပညာရှိသတိဖြစ်ခဲဖြစ်မှာဆိုးလို့ပါ သိပြီးတဲ့ Apple ဆရာများကတော့ ကျော်သွားကျပေါ့နော် ခုလည်းသိသလောက်လေးအနည်းငယ်ကို ပြန်လည် Share ချင်တာပါခင်ဗျာ.....



IPhone အတုအစစ်ခွဲနည်း

 IPhone အစစ်သိသာသောအမှတ်အသားများနှင့်လုပ်ဆောင်ချက်များ....

တစ် >>အတုအစစ်ဘာကွာလည်း ကွာတာမှအများကြီးပေါ့ အရင်ဆုံးအပြင်ပန်း ဗူးကိုကြည့်ရင်တောင် အတုထည့်ထားတဲ့ဗူးက တစ်ဆခွဲနီးနီးလောက်ကြီးပါတယ် ။

နှစ်>> ဗူးရှိ ဘားကုတ်ဟာ အစစ်ဗူးရှိဘားကုတ်ထပ် ပိုကြီးပိုရှည်ပါတယ်။ IMEI ပါစာတမ်းအောက်ရှိဘားကုတ်ကိုကြည့်ကြည့်ပါပိုမိုသိသာပါတယ်။

သုံး>> ဗူးနောက်ကျောရှိ စက္ကူဖောင်းကျွသည် မထင်ရှားပါ အစစ်ဗူးသည် ထင်ထင်ရှားရှားရှိပါသည်။အတုဖူးသည်ဖောင်းတယ်ဆိုရုံလေးသာပါပါသည်။

ေေ လေး>> ဗူးကိုဖွင့်လိုက်သည်နှင့် Sim Card ထုပ်ရန် အပ် ကလေးကိုတွေ့ ရပါမယ်။ အစစ်ဗူးများတွင် ထိုအပ်ကိုမည်သို့မည်ပုံအသုံးပြုနည်းကို သေချာပုံနှင့်တစ်ကွ ရှင်းပြထားပေးပေမယ့် အတုဗူးများတွင် မရေးပြထားတတ်ပါတယ်။ အတုတွင်ဘယ်လိုအသုံးပြုရမယ်ဆိုသောစာရွက်လေးတစ်ခုသာ ပါတတ်ပါတယ်။

ငါး>>အစစ်ဗူးတွင်ပါသော ထိုအပ်ကလေးသည် ညီညာပြီး အနားသပ်များသည် အဝိုင်းပုံလှီးဖျက်ထားပေမယ့် အတုဗူးရှိအပ်သည် အနည်းငယ်ကြမ်းပြီး အနားသပ်များသည်ရှတတဖြစ်ရုံမက ကွေးညွတ်ရာတွင်လည်းမာကျောမှုရှိပါသည်။

  ခြောက်>> ဖုန်းကို ဗူးထဲမှ မထုပ်လိုက်ပါ ထည့်ထားသော ဖိုက်ဘာခွက် အခံလေးကိုတွေ့ရပါမယ် ထိုအခံလေးတွင် ဖုန်းကင်မရာ နေရာလေးတွင် အစစ်တွင်ကင်မရာတစ်ခုစာအပေါက်လေးပါပေမယ့် အတုတွင်မပါဝင်ပါ ။
ခုနစ်>> ဖုန်းကို ကိုင်ကြည့်ပါ အတုသည် အစစ်ထပ်အနည်းငယ်ထူပါသည်။ ခလုပ်များကိုဆက်လက်လေ့လာကြည့်ရင် သိပ်ထူးခြားတာမတွေ့ပေမယ့် Silent ခလုပ်ကို လေးငါးခါလောက် ပိတ်လိုက်ဖွင့်လိုက်လုပ်ကြည့်ပါ အတုသည် အစစ်ထပ်အနည်းငယ်ကျပ်ပါသည် ခလုပ်သည်ဘောင်အစွန်းထိ( အဆုံးထိ) သွားပြီး တစ်ခါတစ်ရံအပိတ်အဖွင့်လုပ်နေရင်းစောင်းသွားတတ်ပါသည်။အစစ်သည် အပိတ်အဖွင့်လုပ်ရာတွင်အနည်းငယ်ချောင်သည်ဟုထင်ရပြီး ခလုပ်သည်အစွန်းထိမသွားပါ ။

ရှစ်>> အသံအတိုးအကျယ် ပါဝါခလုပ် များကိုနိုပ်ကြည့်ပါက အနည်းငယ်မာပြီး အပြင်သို့ အစစ်ထပ်ပိုထွက်ပါသည်။
ဒါတွေကရှေ့ကကြည့်နိုင်မယ့် အရာများသာဖြစ်ပြီး ခုဆက်လက်ပြီး နောက်ကျောကိုကြည့်ပါမယ်ခင်ဗျာ။
ဖုန်းကို နောက်ကျောဘက်ကိုလှန်လိုက်ပါ ကွဲပြားမှုအများကြီးကိုတွေ့ရမှာဖြစ်ပါတယ်။

IPhone အတုသိသာသောအမှတ်အသားများနှင့်လုပ်ဆောင်ချက်များ....

တစ်>> Apple Logo ပန်းသီးပုံ အတုသည်အစစ်ထပ်ပိုမိုထင်ရှားပါတယ် လက်နဲ့ပွတ်ကြည့်ပါရှတတ ဖြစ်နေပြီး အစစ်သည်ချောမွတ်ပါသည်။

နှစ်>> ပန်းသီးပုံကိုကြည့်ပါ ပန်းသီးရဲ့ အညှာလေးပါ အတုပန်းသီးအညှာလေးသည် အစစ်ပန်းသီးအညှာထပ်တိုပါသည် သေးပါသည်။ အတုအစစ်နှစ်လုံးယှဉ်ထားလျှင်ပိုသိသာပါသည်။

သုံး>> ကျောဘက်ရှိ Apple ထုပ်ကုန်ကြော်ညာစာတမ်းများနှင့် Apple ဟုရေးသားထားသော စားတမ်းများသည်အတုတွင် ဖုန်းအောက်ခြေနှင့်ဝေးကွာပြီး အစစ်တွင်ဖုန်းအောက်ခြေနှင့်နီးပါသည် ပုံတွင်ကြည့်ကြည့်ပါ ။ 

အထက်ပါအရာများသည် ဖုန်းကိုပါဝါမဖွင့်ပဲ အပြင်ပန်းကြည့်ရုံနှင့်သိနိုင်မယ့် အရာများထဲမှ မြင်သာသည့်အချက်များဖြစ်ပါသည် ။နောက်တစ်ခေါက်ပြန်ပြီး ဗူးခွံကိုပြန်လေ့လာကြည့်ရအောင်>>

- အပ်ထည့်သည့်စက္ကူအထူလေးကိုဖယ်ပါ
- ဖုန်းကိုဖယ်ပါ
- ဖုန်းအောက်က ခံခွက်လေးကိုဖယ်ပါ
- အောက်ရှိခွက်တွင် ဖုန်းအတွက် နားကြပ်ထည့်သည့်ဖူးသည် ဖုန်းနဲ့အပြိုင် အရှည်လိုက်ရှိရမည်ဖြစ်ပြီးအတုတွင်ကန့်လန့်အနေအထားအတိုင်းမြင်ရတတ်ပါသည် နားကြပ်ဗူးလေးကိုဖယ်လိုက်ပြီး အပေါ်စီးမှကြည့်လျှင် အခွက်သုံးခွက် ( Slots သုံးခု) တွေ့ရပေမယ့်အတုတွင်နှစ်ခုသာပါပါသည်။ ပုံတွင်ကြည့်ပါ
 
နားကြပ်ကိုကြည့်ပါမယ် >>
ကြိုးရှိ microphone , volume up/ down ပါ အတုသည်အစစ်ထပ်ပို၍ရှည်ပါသည် ။>>
 
အားသွင်းကြိုး Adapter ထိပ်ဆုံးရှိ ဖုန်းကိုအားသွင်းတဲ့ဘက်ရှိ ခေါင်းပြားအသေးလေးကိုကြည့်ရာတွင် အတုသည်အစစ်ထပ်ပိုရှည်ပြီး ခေါင်းရှိကြေးပြားလေးများသည်အရေအတွက်တူသော်လည်း တစ်ခုနှင့်တစ်ခုကြားအကွာအဝေး အစစ်ထပ်ကျဲပါသည် ။အတုရဲ့ခေါင်းသည်ပိုကြီးပါသည်။

 
 ပန်းသီးပုံကိုကြည့်ပါ ပန်းသီးရဲ့ အညှာလေးပါ အတုပန်းသီးအညှာလေးသည် အစစ်ပန်းသီးအညှာထပ်တိုပါသည် သေးပါသည်။ အတုအစစ်နှစ်လုံးယှဉ်ထားလျှင်ပိုသိသာပါသည်။


 
အားသွင်းကြိုးပေါ်တွင် Apple ထုပ်ကုန်ကြော်ညာစာတမ်းအစစ်များတွင်ရိုက်နိုပ်ထားတတ်ပေမယ့်အတုများတွင်မပါတတ်ကျပေ။
အပြင်ပန်းပုံစံများကတော့ အဲ့ဒီလောက်ပဲရှာဖွေတွေ့ရှိမိပါတယ်ခင်ဗျာ ဖုန်းကိုပါဝါဖွင့်ကြည့်မယ်ဆိုရင်တော့ အတုအစစ်ခွဲခြားနိုင်ဖို့ရာခိုင်နှူံးအများကြီးရှိနိုင်ပေမယ့် ရောင်းချသူကမကြိုက်ဖူးဆိုရင်တော့အဆင်ပြေမှာ
မဟုပ်လောက်ပါဖူး ဘယ်ရောင်းသူမှလည်းကိုယ့်ဖုန်းဝယ်မှန်းမသိပဲလာမေးတိုင်းပါဝါဖွင့်ပြချင်မှာမဟုပ်ပါဖူး။
အထပ်ပါရေးသားပြထားတဲ့ အကြောင်းအရာများကတော့ စာရေးသူလေ့လာမိသလောက်နဲ့ ပြင်ပတွေ့မိတာလောက်ကိုရှာဖွေပြီးရေးပြထားတာဖြစ်တာမို့
လိုအပ်ချက်များလည်းရှိခဲ့ရင်ဖြည့်စွပ်ပေးစေချင်ပါတယ်ခင်ဗျာ။....


အဆင်ပြေကြပါစေ၊ကြိုးစားလျက် 

 sai kyaw zin myint(ဟိန်းစတားမိုဘိုင်း)

credit>>IT- AT ( Singapore)

 

No comments:

Post a Comment

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......