မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Monday, July 13, 2015

COC အကောင့်ကို Android to IOS , IOS to Android သို့ပြောင်းနည်း


 မင်္ဂလာပါခင်ဗျာ.....
COC အကောင့်ကို Android to IOS , IOS to Android သို့ပြောင်းနည်းလေးဖြစ်ပါတယ်ခင်ဗျာ...
 ဘော်ဒါတွေ အဆော့ များနေကြသော COC ကို Phone အမျိုးမျိုးပေါ်တွင် အဆင်ပြေသလို အလွယ်အတူ ဆော့နေ ကြပါ တယ်.....နောက်ပိုင်းတွင် Phone အမျိုးအစား ပြောင်းသုံး ချင်ကြသော အခါ တွင် အဆင်မပြေ ဖြစ်ကြပြန်ပြီပေါ..........iOS to iOS , Android to Android အလွယ်တကူ Apple ID , Google + အကောင့် ဖြင့် ချိန် နိုင်သော် လည်း.....iOS to Android , Android to iOS ပြောင်းသုံးရာတွင် အဆင်မပြေ မှု များရှိနေကြပါတယ်......ထို အခက်အခဲ ကို ဖြေရှင်းပေးနိုင်သော နည်းလမ်းကို ပြန်ရှယ်ပေးလိုက်ပါတယ် ခင်ဗျာ .....ဆရာ ဘလော့ခရီးသည် ဆိုက်မှာတွေလို့လိုအပ်သူတွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ......



ကျွန်တော် ဒီပိုစ့် တွင် Android ဖုန်းမှ ဆော့ထားသော COC Account ကို iPhone သိုပြောင်းပြပေးပါမယ် ယခုတင်ပြသော နည်းလမ်း အတိုင်း iOS to Android ပြောင်းနိုင်ပါတယ်။

မှတ်ချက် ။ A အား Android ဖုန်းအဖြစ်သက်မှတ်ပေးပါ။
                 B အား iPhone ဖုန်း အဖြစ်သက်မှတ်ပေးပါ ခင်ဗျ။

iPhone အတွင် အရင်ထည့်ထားသော Games Center Account ကို Sign Out လုပ်ပေးပြီး....COC မဆော့ဘူးသော Apple ID Account အသစ်ဖြင့် Games Center Account လုပ်ပြီး ဝင်ထားပေးပါ။

A & B မှာရှိသော COC Games ထည်းကို ပြိုင်တူဝင် လိုက်ပါ။ ပြီးလျှင် အောက်ကပုံလေးထည်းက အတိုင်း Game Setting ထည်းကို ဝင်လိုက်ပါ။




Link a device ကို နှိပ်ပေးပါ။
A တွင် This is the OLD DEVICE ကို ဝင်ပေးပါ.။ B တွင် This is the NEW DEVICE ကို ဝင်ပေးပါ ခင်ဗျ။ B တွင် Code ထည့်ရန် နေရာ ဖော်ပြလာပါလိမ်မည် ခဏစောင့် ပြီး A ကို တစ်ဆင့်ဆက်သွားပေးပါ။
A တွင်  I want to link to anther device ကို နှိပ်ပေးပါ။
အောက်ဖော်ပြပါ ပုံလေး အတိုင်းပေါ်လာပြီးလျှင် Code 12 လုံးပေးပါလိမ်မည်။  ဥပမာ 8g7i y182 f9gq  စသဖြင့် ဖော်ပြလာသော Code ကိုအသေအချာ မှတ်ထားပါ။ ထို Code ကို ၂ မီးနစ် အတွင်  B  တွင် ရေးပေးရပါမည်။

B တွင် A မှ ပေးသော Code 12 လုံးကို ရေးထည့်ပေးပါ။ စာလုံး လေး လုံးရေးပြီးတိုင် Space ခြားပေးပါ။ပြီးလျှင် Done ကိုနှိပ်ပေးပါ။
မင်းလက်ရှိ ရှိနေသော ရွာကို ဖျက်ပြီး  ဒီ ရွာဖြင့် အစားထိုးမှာလား ဟု မေးလာပါလိမ်မည်။ Okay ကို နှိပ်ပေးပါ။
 Linking successful ! ဟု ပေါ်လာ လျှင် Okay ကို နှိပ်ပေးပါ။

A ( Android ) Phone မှ COC Game ကို B ( iPhone ) သို့ လွယ်ကူစွာ ပြောင်းဆော့ နိုင်ပါ ပြီ ခင်ဗျ။

ကျွန်တော်ပြန် Share ပေးသော နည်းပညာ များ ကို နည်းပညာချစ်သူ မိတ်ဆွေများအတွက် အဆင်ပြေမယ် အကျိုး ရှိမယ်ဆို ကျေနပ်ပါပြီ...ကိုယ်တိုင်ရေးသားထားသော နည်းပညာများကို မျှဝေပေးသလို မည်သူရေးသားသည့် နည်းပညာကိုမဆို အများအတွက် တန်ဖိုးရှိမယ် သိသင့်မယ်ထင်တာလေးတွေကို  ရှာဖွေကာပြန်လည် ဝေမျှ သွားမှာဖြစ်ပါတယ်...အားလုံးအဆင်ပြေကြပါစေ...။

အဆင်ပြေကြပါစေ၊ကြိုးစာလျက်

   sai kyaw zin myint(ဟိန်းစတားမိုဘိုင်း)

မူရင်းရေးသား= ဘလော့ခရီးသည်
wwwiaungsanmks.com

2 comments:

  1. coc acc ကiph မှာတစ်​ခုတည်းပဲရတာလား ၃ ခုထည့်​မရဘူးလား ခင်​ဗျ

    ReplyDelete
  2. coc acc ကiph မှာတစ်​ခုတည်းပဲရတာလား ၃ ခုထည့်​မရဘူးလား ခင်​ဗျ

    ReplyDelete

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......