မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Friday, July 31, 2015

iPhone/iPad မှာ Unicode ရော Zawgyi ရော အမှန်မြင်ချင်သူတွေအတွက်

11825193_801027076682391_908881428929235312_n
iPhone/Pad တွေမှာ Unicode ရော Zawgyi ရောမြင်ရမယ့် Unicode Font Profile လေးပါ။ Unicode 100% အမှန်မြင်ရသလို Zawgyi font နဲ့ရေးထားတာတွေကိုလည်း 95% နီးပါးအမှန်မြင်ရတာကိုတွေ့ရပါတယ် ။ Myanmar Unicode Area မှာတွေ့လို့စမ်းကြည့်ဖြစ်တာပါ။ ဖန်တီးသူကတော့ ကို Win Lwin Moe လို့သိရပါတယ် ။ Unicode သုံးချင်နေသူတွေလည်း ဒီ profile လေးကိုသွင်းထားခြင်းအားဖြင့် ဇော်ဂျီနဲ့ရေးထားတာတွေကိုပါ အနီးစပ်ဆုံးမှန်ကန်စွာဖတ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် unicode font ဖြစ်တဲ့အတွက် စာရိုက်ရင်တော့ unicode keyboard layout နဲ့ပဲရိုက်လို့ရပါမယ်။ ttKeyboard ထဲက Uni-ZG (or) MyanSan Layout နဲ့ရေးမှအဆင်ပြေပါမယ်။ ဇော်ဂျီ Layout နဲ့ရေးရင် တလွဲတွေပေါ်ပါမယ်။ ယူနီ-ဇော်ဂျီ ၂ မျိုးလုံးနီးပါးဖတ်နိုင်တဲ့ Font Profile လေးကိုသွင်းလိုတယ်ဆိုရင်တော့ အောက်က link ကို safari browser မှာ ဖွင့် ပြီး မိမိတို့ရဲ့ iPhone/Pad ထဲမှာ font profile ကိုသွင်းရပါမယ်။
http://goo.gl/sBVzga
(မသွင်းခင်မှာ ယခင်သွင်းထားတဲ့ Zawgyi Font Profile (သို့) သွင်းထားပြီးသား Font Profile ကိုတော့ပြန်ဖျက်ထားဖို့လိုပါမယ်။ Setting>General>Profile ထဲကိုဝင်ပြီး Zawgyi-one profile (သို့မဟုတ်) သွင်းထားပြီးသား Font Profile ကို Delete လုပ်ပါ။)
အားလုံးပဲစမ်းကြည့်လိုက်ကြပါဦး ။ အဆင်ပြေကြပါစေ။
Ref:Myanmar Unicode Area
Thet Naing Soe (Myanmar Mobile App)

                        
အဆင်ပြေကြပါစေ၊ကြိုးစားလျက်
 
sai kyaw zin myint(ဟိန်းစတားမိုဘိုင်း)

No comments:

Post a Comment

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......