မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Tuesday, July 28, 2015

‪PhoenixSuite‬ နှင့် Tablet firmware ရေးနည်း...............


 မင်္ဂလာပါခင်ဗျာ....
PhoenixSuite‬ နှင့် Tablet firmware ရေးနည်းလေးဖြစ်ပါတယ်ခင်ဗျာ....
တစ်ချို့ Tablet တွေက liveSuite Flashh Tool နဲ့ အဆင်မပြေတက်ပါဘူး။ တစ်ခါတစ်လေ မဟုတ်ပါဘူး။များသောအားဖြင့် *.rar ၊ *.zip နဲ့ Download လုပ်ထားတဲ့ File တွေမှာ Upgrade Tool တစ်ခုခု (ဥပမာ - LiveSuite (or) PhonenixSuite ) ပါလာတက်ပါတယ်။ တစ်ချို့ ONDA Tablet တွေမှာမှာတော့ AML_Flash Tool ကို အသုံးပြုပြီး ရေးပေးရပါတယ်။
အခုပြောမှာကတော့ PhoenixSuite ကို ဘယ်လိုအသုံးပြုပြီး Firmware ရေးတာကိုရေးပေးမှာပါ။
တစ်ချို့ Tablet တွေက LiveSuite ကို အသုံးပြု မှရတာဆိုသလို ၊ တစ်ချို့ Tablet တွေကတော့ PhoenixSuite ကိုအသုံးပြုမှ အဆင်ပြေတက်လို့ပါ။
စာဖတ်သူရဲ့ Coumputer မှာ Software ၂မျိုးလုံး ရှိရင် ပိုကောင်းပါတယ်။
ပထမဆုံး PhoenixSuit ကို ကွန်ပြူတာမှာ Install လုပ်ပါ။










Install လုပ်ပြီးရင် PhoenixSuite.exe ကို ဖွင့်ပါ။

Online ရှိပါက Up Date ပေးပါ။





 Firmware ကို Click လုပ်လိုက်ရင် ဘယ်နားက Image ဖိုင်ကိုထည့်မှာလဲဆိုတဲ့ Firmware တင်မယ့်ဖိုင်(*.img) ကို Click နှိပ်ပြီး ရွေးပေးရပါမယ်။

Firmware တင်မယ့် File ကိုရွေးပြီးတာနဲ့ အောက်မှာ Upgrade ဆိုတာကို နှိပ်လိုက်ပါ။
Massage Box တွေ ကျလာရင် အားလုံးကို OK ပဲရွေးပေးပါ။
နောက်ဆုံး Tablet နဲ့ Coumputer ကို ချိတ်ဆက်ခိုင်းတဲ့ 


Do Mandatory Upgrade? ဆိုတဲ့ အနေအထားရောက်ရင်တော့ ok မလုပ်သေးပဲ Firmware တင်မယ့်
Tablet ကို Upgrade Mod ထဲကို ၀င်ပြီး ကွန်ပြူတာနဲ့ ချိတ်ဆက်ပေးရပါမယ်။
Upgrade Mode၀င်တာကတော့ Firmware ရေးနည်း အပိုင်း(၂) တုန်းက ပြောထားသလို
Vol (+) or Vol(-) ကို ဖိထားပြီး Power ခလုပ်ကို ၁၀ချက်လောက် ခက်သွက်သွက် နှိပ်ပေးရင် Upgrade Mode ထဲကိုရောက်သွားမှာပါ။
သိထားရမှာကတော့ ပထမဆုံး Driver သွင်းပေးထားရမယ်ဆိုတာကိုပါ။
Coumputer က Tablet ကိုသိသွားပြီ ဆိုရင် အစိမ်းရောင် ဘားတန်းလေးနဲ့ Firmware တင်တဲ့ အခြေနေကိုပြပေးနေမှာပါ။


ပြီးရင်တော့ Massage Box တစ်ခုကြလာမှာပါ။
Ok နျိပ်ပေးလိုက်ရင် စာဖတ်သူရဲ့ Tablet Firmware ရေးတာပြီးဆုံးသွားပါပြီ။

PhoenixSuite ကို ဒေါင်းရန် Download
ဘယ် CPU ကိုပဲသုံးသုံး A10 OR A13 OR A23 ဘာတွေပဲဖြစ်ဖြစ် စာဖတ်သူ အနေနှင့် ရေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Tablet Firmware ရေးတာကို ပြောပြပေးတာ ဆိုပင်မဲ့ တစ်ကယ်လက်တွေ့ လုပ်တဲ့အခါ အနည်းအကျင်းလွဲချော်ခဲ့ ရင် စာေ၇းသူကို ခွှင့်လွှတ်နိုင်လိမ့်မယ်လို မျှော်လင့်ပါတယ်။
သို့ပင်မဲ့လဲ အရာအားလုံးက မခက်ခဲပါဘူး။နည်းလမ်းကို မသိသေးလို့သာ ခက်ကောင်းခက်နိုင်မှာပါ။
စာရေးသူ ပြောချင်တာက ဘယ်တော့မှ အားမလျော့ပါနဲ့ နည်းလမ်းတစ်ခုဆိုတာ အမြဲတွေ့မှာပါ။အောင်မြင်မှုဆိုတာ စာဖတ်သူတို့ရဲ့ လက်တစ်ကမ်းမှာ အမြဲရှိနေမှာပါ။



အဆင်ပြေကြပါစေ၊ကြိုးစားလျက်
 
sai kyaw zin myint(ဟိန်းစတားမိုဘိုင်း)

                                               credit >>>thutamedia
 

No comments:

Post a Comment

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......