မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...
Friday, July 17, 2015
Viber မှာ မလိုအပ်တဲ့ ဖုန်းနံပါတ်တွေကို Block ကြမယ်
Block Mobile Numbers in Viber Step 1.jpg
 မင်္ဂလာပါခင်ဗျာ.....
Viber မှာ မလိုအပ်တဲ့ ဖုန်းနံပါတ်တွေကို Block နည်းလေးဖြစ်ပါတယ်ခင်ဗျာ....
သင့် ရဲ့ဖုန်း ထဲမှာရှိသမျှ ဖုန်းနံပါတ်တွေကို Viber ကနေ Save လုပ်ထားမှာဖြစ်လို့ ဖုန်းထဲက Contacts နံပါတ်အားလုံးဟာ Viber List
ထဲမှာရှိနေမှာဖြစ်ပါတယ် ဒိအပြင် Save မလုပ်ရသေးတဲ့ နံပါတ်တွေနဲ့ လဲ Message ပို့ တာတို့  Free Call ပြောတာတို့ လုပ်လို့ ရပါတယ် ဒီတော့ သင် Block လုပ်လိုတဲ့ နံပါတ်ဟာ Save မလုပ်ရသေးရင်တော့ Save အရင်လုပ်လိုက်ပါ ပြီးရင်အောက်မှာရှင်းပြထားတဲ့ အချက်တွေကို လိုက်နာလုပ်ဆောင်ပါ။ ဒီလို Block လုပ်ထားပြီးသား နံပါတ်တွေက်ုလဲ Unblock ပြန်ဖွင့်ပေးလို့ လဲရပါတယ်။ မြန်မာ မိတ်ဆွေများအဆင် ပြေကြမယ်လို့  မျှော်လင့်ပါတယ်။ 
 ကဲ စပြီးလုပ်ဆောင်ရန်ပထမ အဆင့်ကတော့ အပ်ါကပုံမှာပြထားသလို Viber Icon အပေါ်မှာ နှိပ်ပြီးဝင်ပေးပါ ပြီးသွားရင် အောက်ပုံကိုကြည့်ပါ။ 
Block Mobile Numbers in Viber Step 2.jpg
 အပေါ်ပုံမှာ ပြထားတဲ့နေရာက လက်နဲ့ ထောက်ပြထားတဲ့ နေရာကို နှိပ်လိုက်ရင် အောက်ကပုံကိုပြောင်းသွားမှာ ဖြစ်ပါတယ်။ 
Block Mobile Numbers in Viber Step 3.jpg
အပေါ်ပုံမှာ ပြထားတဲ့ နေရာက Settings ဖြစ်ပါတယ် ဒီ Settings ထဲကို ခုကျနော်ပြောသလို မဟုပ်ဘဲ အခြား ဘယ်နည်းနဲ့ ဖြစ်ဖြစ်ဝင် လို့ ရပါသေးတယ် အဓိကတော့ Settings ထဲရောက်ဖို့ သာအဓိကဖြစ်ပါတယ် ဒီ Settings ထဲကိုဝင်ပြီးရင်  အောက်ပါပုံကို မြင်ရမှာဖြစ်ပါတယ် ။
Block Mobile Numbers in Viber Step 4.jpg
ဒီအဆင့်မှာ အထက်ကပုံလို Privacy ကိုမမြက်ရဘူးဆိုရင်တော့ သင့်ရဲ့ Viber ကို Update လုပ်ပေးရမှာဖြစ်ပါတယ် ဒီလို Update လုပ်ဖို့ အတွက်ကတော့ Play Store ထဲကိုဝင်ပြီး Viber လို့ ရိုက်ထဲပေးလိုက်ရင် Update ကိုတွေ့ ရမှာဖြစ်ပါတယ် ဒီလို Update လုပ်ပေးမှသာ Privacy ကိုတွေ့ ရမှာဖြစ်ပါတယ် သင့် ဖုန်းက Settings ထဲကို ဝင် လိုက်တာနဲ့  Privacy ပါနေပြီးသား ဆိုရင်တော့ Update လုပ်ပေးနေစရာမလိုပါဘူး။ ဒါဆိုရင် Privacy ထဲကိုဝင် လိုက် ပါအောက်က ပုံကိုပြောင်းသွားမှာဖြစ်ပါတယ်။ 
Block Mobile Numbers in Viber Step 5.jpg
ဒီအပေါ်က ပုံ ကိုမြင်ရပြီးဆိုရင် တော့ Block List ကို နှိပ်ပြီးထပ်ဝင်ပေးပါ အောက်ပါပုံကို ပြောင်းသွားမှာဖြစ်ပါတယ်။ 
Block Mobile Numbers in Viber Step 6.jpg
Block Mobile Numbers in Viber Step 7.jpg
အပေါ်ကပုံထဲက ဥပမာ နံပါတ်လေးကိုကြည့်ပါ တကယ်လို့  သင့် အနေနဲ့  Unblock အဖြစ် Block ထားတဲ့ နံပါတ်တွေကို ပြန်ဖွင့်ပေးလို့ ရတာကိုလဲ ပြထားပေးပါတယ်။ ကဲ့ Viber အသုံး ပြု ကြသောမိတ်ဆွေအပေါင်းတို့  အဆင်ပြေကြပါစေဗျာ....
အဆင်ပြေကြပါစေ၊ကြိုးစားလျက်
sai kyaw zin myint(ဟိန်းစတားမိုးဘိုင်း)
No comments:
Post a Comment
မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ
About
**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......