မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Tuesday, July 28, 2015

နာမည်ကြီးသီချင်းတွေ ၊ အသံတွေနဲ့ Selfie Video တစ်ခုကို ဖုန်းနဲ့ဖန်တီးချင်သူတွေအတွက် Dubsmash

Dubsmash tech wd courtesy


မင်္ဂလာပါခင်ဗျာ...
ဒီရက်ပိုင်း Facebook ပေါ်မှာခေတ်စားနေတဲ့ application လေးတစ်ခုပါပဲ။ သူ့ကို application အနေနဲ့လူသိကြတာမဟုတ်ဘဲ Facebook ပေါ်က လူငယ်လေးတွေ သီချင်းသံ (သို့မဟုတ်) ရယ်စရာအသံ နောက်ခံနဲ့ ရုပ်ပြောင်သရုပ်ဆောင်ထားကြတာတို့ ၊ ကပြကြတာတို့ စတဲ့ ဗီဒီယို အတိုလေးတွေကို ဒီရက်ပိုင်း ခပ်စိပ်စိပ်တွေ့ကြရမှာပါ။ ယင်း Video တွေကို Dubsmash လို့ခေါ်တဲ့ ဖုန်း application လေးနဲ့ပြုလုပ်တာဖြစ်ပါတယ်။ Dubsmash ဆော့ဝဲလေးကို iPhone အတွက်ရော ၊ Android OS သုံးဖုန်းတွေအတွက်ပါ ရရှိနိုင်ပါတယ်။ နာမည်ကြီးသီချင်းသံတွေ ၊ ရယ်စရာအသံ နဲ့အခြားအသံစုံကို ဒီ app လေးထဲမှာအစုံအလင်ပါရှိပါတယ်။ ယင်းအသံတွေကိုအသုံးပြုပြီး  ဗီဒီယိုအတိုလေးတွေဖန်တီးနိုင်သလို ကိုယ့်မှာရှိပြီးသားအသံဖိုင်တွေနဲ့လည်း Video Clip လေးတွေလုပ်နိုင်ပါသေးတယ်။ Dubsmash နဲ့ပြုလုပ်ထားတဲ့ Video Clip လေးတွေကို Dubsmash ဆော့ဝဲထဲကနေတိုက်ရိုက် Social Network တွေပေါ်ကို ပြန် share နိုင်ပါတယ်။ နာမည်ကြီးသီချင်းတွေ ၊ အသံတွေနဲ့ Selfie Video တစ်ခုကို ဖုန်းနဲ့ဖန်တီးချင်သူတွေအတွက် Dubsmash ကို မိမိတို့ဖုန်းတွေအတွက်ရယူလိုတယ်ဆိုရင်တော့ အောက်က link များမှာရယူနိုင်ပါတယ်။



 IOS အတွက်ရယူရန်

Download “Dubsmash for iPhone”

Android အတွက်ရယူရန်

Download “Dubsmash for Android”




အဆင်ပြေကြပါစေ၊ကြိုးစားလျက်
sai kyaw zin myint(ဟိန်းစတားမိုးဘိုင်း)


No comments:

Post a Comment

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......