မင်္ဂလာပါခင်ဗျာ..
Samsung ဖုန်းတွေ ကို ( Odin>> ကနေ Firmware တင်နည်း ကို မသိသေးတဲ့ ဘော်ဒါတွေ အတွက် ပြန်လည် မျှဝေပါတယ်.....အရင်ဆုံး မိမိ ဖုန်း ( Model...ပြီးရင်.. ကိုတင်မည့် ( version) အလိုက် သက်ဆိုင်ရာ ...နည်းပညာ ညီအစ်ကိုတွေ ဆိုဒ်ကနေ ဒေါင်းပါ
..1.ပြီးရင် မိမိဒေါင်းယူရရှိလာတဲ့ Official Firmware Zip file (or) Winrar ဖိုင်ကို Extract လုပ်ထားပါ။
2.ဖုန်းကိုပိတ်လိုက်ပါ။ ပြီးရင် Volume down+Home Button+Power Key သုံးခုကို တွဲနှိပ်ပြီး Download Mode ထဲကို ၀င်ပါ။ အောက်ကပုံအတိုင်း သင့်ရဲ့ဖုန်းမှာ Warning Message ပေါ်လာပါလိမ့်မယ်။
3.volume up ဖြင့်သွားပြီး Continue ကိုရွေးချယ်လိုက်လျှင် အောက်ကပုံ အတိုင်းပေါ်လာပါလိမ့်မယ်။
4. သင့်ရဲ့ဖုန်းကို ကွန်ပျူတာနှင့် USB ကြိုးဖြင့်ချိတ်ဆက်ပြီး အပေါ်မှ ဒေါင်းယူထားတဲ့ Odin v 3.09 ကို ကွန်ပျူတာမှာ Run လိုက်ပါ။ အောက်ကပုံအတိုင်း Odin ပေါ်မှ မျှားထိုးထားတဲ့နေရာမှာ အပြာနု လေးပေါ်လာပြီးဆိုရင်တော့ Firmware စတင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ (မပေါ်သေးရင်တော့ မိမိဖုန်းနဲ့ ကွန်ပျူတာကို သေချာပြန်ချိတ်ပါ။)
5.အောက်ကပုံမှာ အနီဝိုင်းပြထားတဲ့ Ap နေရာမှာ အပေါ်က ဒေါင်းယူရရှိထားတဲ့ Firmware ဖိုင်ဖြည်ထားတဲ့ ဖိုင်ကို ထည့်ပေးပါ။
6.အဲဒါဆိုရင် သူဘာသူ့ Firmware တင်ဖို့ ဆက်လက်လုပ်ဆောင်နေပါလိမ့်မယ်။ အောက်ကပုံအတိုင်းပေါ်လာရင် အောင်မြင်စွာ သင့်ရဲ့ Firmware တင်လို့ ပြီးသွားပါပြီ။
7.အားလုံးတင်ပြီးသွားလို့် မိမိဖုန်းက Power ပြန်တတ်လာတဲ့အချိန်မှာ Samsung Logo မှာရပ်နေရင် ဖုန်းရဲ့Battery ကို ၅မီးနစ် လောက် ဖြုတ်ထားပြီး ပြန်တပ်ဖွင့်ပါ။
8.အပေါ်ကအတိုင်းမှ ဖုန်းက Logo မှာဘဲထက်ရပ်နေတုန်းဘဲဆိုရင် Volume Up+Home Button+Power Keyသုံးခုတွဲပြီး Recovery Mode ထဲကို ၀င်လိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင် Volu
ကနေ တင်နည်း ပြီးဆုံးပါပြီ...။
အဆင်ပြေကြပါစေ၊ကြိုးစားလျက်
sai kyaw zin myint(လွိုင်ကော်နည်းပညာစုစည်းမှု)
No comments:
Post a Comment