မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Tuesday, July 7, 2015

Fonter Pro App သုံးပြီး Unicode ttf နှင့် Zawgyi ttf font ထည့်သွင်းနည်း

Cover art
Fonter Pro App သုံးပြီး Unicode ttf နှင့် Zawgyi ttf font ထည့်သွင်းနည်းလေးပါခင်ဗျာ...
 မြန်မာစာမမှန်သောဖုန်းများမြန်မာစာမှန်အောင်လုပ်တော့မယ်ဆိုရင်တော့
တစ်ချို့ဖုန်းတွေဆိုရင် တစ်ချို့ App မှာမြန်မာစာမှန်ပြီး
တစ်ချို့App မှာမြန်မာစာမမှန်ကြဘူးမပေါ်ကြဘူး။ 


ဥပမာ Youtube App မှာမြန်မာစာမပေါ်ကြဘူးမမှန်ကြဘူး
 Youtube App က Zawgyi သုံးသော App ဖြစ်တဲ့အတွက်
 Zawgyi Font Ttf ရွေးပြီး ဒီနည်းအတိုင်း လုပ်ဆောင်ကြပါ 
အားလုံးမှန်သွားစေရမယ်။


Google Search, Gmail, Translate နဲ့ အခြား App တော်တော်များများ
 Unicode ဖြစ်တဲ့အတွက် Zawgyi သုံးသောဖုန်းများ မြန်မာစာမမှန် ကြဘူး
 Unicode ကို မိမိတို့ Android ဖုန်းပေါ်မှာ မြန်မာစာအဆင်ပြေပြေ အသုံးပြုနိုင်အောင်
 Fonter Pro App သုံးပြီး Unicode ttf နှင့် Zawgyi ttf font ထည့်သွင်းနည်းကို အောက်မှာ ပြောပြသွားပါမယ်။

 ခုထည့်နည်းက ပြောရမယ်ဆို App တစ်ခုကို ဖောင့်တမျိုးသက်သက်စီ
 ခွဲထားပေးလိုက်တဲ့ သဘောတရားပါ။ ဒါကြောင့် Zawgyi လည်းအဆင်ပြေပြေ 
Unicode လည်းအဆင်ပြေပြေအရင်အတိုင်းဘဲ အသုံးပြုရမှာပါ။
 Unicode ဖောင့်သုံးတဲ့ App တွေကို Unicode ရွေးပေးပါ။

Zawgyi ဖောင့်သုံးတဲ့ App တွေကို Zawgyi ရွေးပေးပါ။ 
App တစ်ခုကို စာလုံးအတင်းအစောင်း ကာလာစာလုံးတစ်ခုစီ 
App တစ်ခုကို စာလုံးလှစတိုင် တမျိုးစီလည်း ထားရပါသေးတယ်။ 
ဒါတော့ မိမိဘာသာ ကလိကြပါ။

Fonter Pro App ကို Xposed Installer App နှင့် တွဲသုံးရပါမယ်။ 

Xposed Installer App သုံးရမှာ ဖြစ်တဲ့အတွက် Root တော့လိုပါမယ်။ 

လိုအပ်သော ဖိုင်များဖြစ်တဲ့ Fonter Pro App, Xposed Installer App, 
Unicode Font Ttf Zawgyi Font Ttf များကို အောက်မှာရယူပါ။

Xposed Installe ကော Fonter Pro ပါ မိမိဖုန်းထဲမှာ Installer ပေးထားပါ။ 

ပြီးလျှင် Unicode Font Ttf နှင့် Zawgyi Font Ttf ကို My File ဖွင့်ပြီး Device Storage 
ထဲက Fonter နာမည်နဲ့ Folder ကိုဖွင့်လိုက်ပါ အဲ့မှာ Fonter နာမည်နဲ့ Folder တစ်ခုတွေ့ပါမယ်။

 အဲ့ Fonter Folder ထဲကို Unicode Font Ttf နှင့် Zawgyi Font Ttf လာထည့်ပေးပါ (Copy နဲ့ဘဲထည့်ထည့် Move နဲ့ဘဲထည့်ထည့် ရောက်ဖို့က အဓိက) အကယ်၍ Fonter နာမည်နဲ့ Folder မတွေ့ဘူးဆိုရင် Fonter နာမည်နဲ့ Folder အသစ်ဆောက်ပေးပါ ဖွင့်ပြီး တခါ Fonter နာမည်နဲ့ Folder အသစ်ဆောက်ပေးပါ။ ပြီးမှ Unicode Font Ttf နှင့် Zawgyi Font Ttf ကို အဲ့ Fonter Folder ထဲထည့်ပေးပါ။

ပြီးလျှင် Xposed Installer App ဖွင့်ပါ Modules အကွက်ကိုနှိပ့်ပြီး Fonter Pro ကို ဘေးမှာအမှတ်ခြစ်ပေးပါ ပြီးလျှင် နောက်ပြန်ဆုတ်ပြီး အပေါ်ဆုံးအကွက် Framework ကိုနှိပ့်ပါ Install/Update အကွက်ကိုနှိပ့်ပေးပြီး OK ပေးလိုက်ပါ (Root တောင်းလျှင် ခွင့်ပြုပေးလိုက်ပါ) ဖုန်းပါဝါပိတ်သွားပါမယ် ပြန်ဖွင့်လာပါမယ်။

ပြီးလျှင် My File ဖွင့်ပြီး Device Storage ထဲက Fonter နာမည်နဲ့ Folder ကိုဖွင့်လိုက်ပါ။

 ပြီးရင် ကိုအသုံးပြုမယ့်ဖောင့် ရွေးပြီးနှိပ်ပါ။ ပြီးရင်Change app font ကိုနှိပ်ပါ၊

 မိမိ App တွေပေါ်လာလျှင် မိမိ Zawgyi ကိုရွေးလျှင် Zawgyi သုံးသော App ကိုရွေးပါ မိမိ Unicode ရွေးလျှင် Unicode သုံးသော App ကိုနှိပ့်လိုက်ပါ။ 

ဥပမာ Unicode ရွေးမယ် Translate App ကိုနှိပ့်ပါ အပေါ်ဆုံးဒေါင့်မှာ ဖွင့်ပေးလိုက်ပါ
 Choose font အကွက်ကိုနှိပ့်ပြီး Unicode ကိုရွေးပေးလိုက်ယုံပါဘဲ စာလုံးကာလာ ပြောင်းချင်ရင်တော့ အောက်နားက Choose color ကိုနှိပ့်ပြီး ကြိုက်တဲ့အရောင် ရွေးပေးလိုက်ယုံပါဘဲ။

 ပြီးလျှင် အားလုံးထွက်ပြီး မိမိရွေးလိုက်တဲ့ Unicode App ကိုသွားဖွင့်ကြည့်ပါ။ 
 အဆင်ပြေစွာ မြန်မာစာ ဖတ်လို့ရပါပြီး။ ဒေါင်းရမည့်ဖိုင်များ အောက်မှာ တင်ပေးသွားပါမယ်။

(Unicode Fontနှင့်Zawgyi Fontကို သရဲဖောင့်အဖြစ် ပြု လုပ်
ထားပါတယ် မကြိုက်လျှင် မူရင်းဖောင့် ရှာဒေါင်းကြပါ)

Google App တမျိုးဖြစ်တဲ့ Translate App ပါ ကိုယ်မသိတဲ့ 

English Thai အခြားဘာသာများကို Copy Paste ဖြစ်စေ အသံဖမ်းသည်ဖြစ်စေ
 ဓာတ်ပုံ ရိုက်သည်ဖ်ြစေ မြန်မာဘာသာဖြင့် ပြန်ဆိုပေးနိုင်တယ်။ 
သူက Dictionary သဘောပါ။ 

ဒါက မရှိသေးတဲ့သူများ လိုအပ်သူများ ယူကြပါ ....

Google Translate Doenload >> http://pc.cd/HAX7


Fonter Pro Download >> http://pc.cd/J3X7

Xposed Installer Download >> http://pc.cd/RNX7

Unicode Font Ttf Download >> http://pc.cd/qAX7

Zawgyi Font Ttf Download >> http://pc.cd/XaX7

တချို့  Version နှိပ့်ဖုန်းတွေမှာ Xposed Installer အဆင်မပြေတာ ဖြစ်တတ်ပါတယ်။

Xposed Installer Version အနှိပ့်နဲ့ စမ်းကြည့်ကြပါ။ အဆင်ပြေကြတာ များပါတယ်။

Xposed Installer Old Version >> http://pc.cd/H3X7




အဆင်ပြေကြပါစေ၊ကြိုးစားလျက်

          sai kyaw zin myint(လွိုင်ကော်နည်းပညာစုစည်းမှု)

                     Credit htoo war (lazy boy)

1 comment:

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......