မင်္ဂလာပါခင်ဗျာ...လွိုင်ကော်နည်းပညာစုစည်းမှုမှကြိုဆိုပါတယ်...လွိုင်ကော်နည်းပညာစုစည်းမှုတွင် တတ်သိလေ့လာထားတာလေးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....လာရောက်လည်ပတ်ကြတဲ့နည်းပညာညီအစ်ကိုသူငယ်ချင်းများလည်းကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Sunday, July 5, 2015

Gmail Account တစ်ခုတည်းနဲ့  Facebook Account တွေ အများကြီးဖွင့်နည်း



 Gmail Account တစ်ခုတည်းနဲ့  Facebook Account တွေ အများကြီးဖွင့်နည်းလေးပါခင်ဗျာ...

တကယ်တော့ အားလုံးသိထားကြတာ gmail account တစ်ခုကို facebook account တစ်ခုပဲ ဖွင့်လို့ ရတယ် လို့ ပဲ သိထားကြပါတယ်။

တစ်ကယ်ဆိုရင်လဲ facebook က mail တစ်ခုကို account တစ်ခုပဲ ပေးဖွင့်တယ်။

ဒါပေမယ့်  mail account တစ်ခုတည်းနဲ့  facebook account တွေ အများကြီးဖွင့်လို့ ရတဲ့နည်းရှိပါတယ်။ပြုလုပ်နည်းကိုအောက်မှာလေ့လာလိုက်နိုင်ပါတယ်ခင်ဗျာ...



>>>Gmail Account တစ်ခုတည်းနဲ့  Facebook Account တွေ အများကြီးဖွင့်နည်း<<<

အရင်ဆုံး အသုံးပြုမယ့် mail က ဥပမာအနေနဲ့  koalpha@gmail.com ပဲဆိုပါစို့ ။

www.facebook.com ကို သွားပြီးတော့ sign up လုပ်ပါ။

အဲ့လို sign up လုပ်တဲ့နေရာမှာ name တို့  Date of Birth စသည်ဖြင့် အားလုံးကို ပုံမှန်အတိုင်းပဲဖြည့်လိုက်ပါ။

ဒါပေမယ့် email address ဆိုတဲ့နေရာမှာ Fake email ဒါမှမဟုတ် မရှိတဲ့ mail address တစ်ခုကို ဖြည့်လိုက်ပြီး sign up လုပ်လိုက်ပါ။ အခြား sign up လုပ်တဲ့ step တွေကိုလည်း ပုံမှန်အတိုင်းပဲ အဆင့်ဆင့်လုပ်သွားပါ။

အဲ့ဒါဆိုရင် email address နဲ့ ပတ်သတ်ပြီး သင်ထည့်လိုက်တဲ့ mail ကို verify လုပ်လို့ မရဘူး mail မှားနေတယ်လို့  error message ကျလာပါလိမ့်မယ်။

အဲ့အခါကျမှ change email address ကို နှိပ်လိုက်ပြီးတော့ ခုနက တကယ် အသုံးပြုမယ့် mail ဖြစ်တဲ့ ( kogyichartape@gmail.com ) အစား kochartape@gmail.com လို့ ဖြည့်လိုက်ပါ။

ဒါဆိုရင် ဘာဖြစ်သွားမယ်ထင်လဲ verification mail က kochartape@gmail.com ကို verify လုပ်သွားမှာဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခုရှိတာက တိုက်တိုက်ဆိုင်ဆိုင် အဲ့ k.ochartape@gmail.com က တကယ် ရှိနေရင်တော့ မရဘူးပေါ့ဗျာ ဒါကလဲ တော်တော်တိုက်ဆိုင်မှပါ။

ဒီလိုဆိုရင်တော့ kochartape@gmail.com ကို အသုံးပြုပြီးတော့ facebook account တစ်ခုရသွားပြီဖြစ်ပါတယ်။

ဒါဆို နောက်ထပ် facebook account တစ်ခု ထပ်ဖွင့်ရအောင်

အထက်က sign up လုပ်တဲ့ အဆင့်တွေအတိုင်းပဲ လုပ်ပါ

ဒါပေမယ့် ပထမတစ်ခါတုန်းက kogyichartape@gmail.com နဲ့  လုပ်ရင်နောက်တစ်ခါ kochartape@gmail.com နဲ့ ပြောင်းလုပ်ပါ။ ဒါလဲအတူတူပဲ kochartape@gmail.com ကို ပဲ verification ပေးမှာပဲ

အဲ့လိုနည်းနဲ့  dot တွေကို နေရာပြောင်းပြောင်းပြီး facebook account များစွာကို ဖွင့်သွားလို့ ရပါတယ်
verification mail ကတော့ တစ်ခုတည်းပေါ့......

  အဆင်ပြေကြပါစေ၊ကြိုစားလျက်

      sai kyaw zin myint(လွိုင်ကော်နည်းပညာစုစည်းမှု)

            credit to ဘားအံ့သားလေး

No comments:

Post a Comment

မန်ဘာဝင်ခြင်းဖြင့်အားပေးကြပါ

About

**လွိုင်ကော်​နည်းပညာစုစည်းမှု** နည်းပညာ BLOGကိုနည်းပညာညီအကိုများကို တတ်သိလေ့လာထားတာလေးများကိုပြန်လည် မျှဝေပေးလိုသည့်ရည်ရွယ်ချက်ဖြင့် Sai Kyaw Zin Myint(ဟိန်းစတားမိုဘိုင်း) မှ အင်္ဂါနေ့၊မေလ၊၁၂ရက်၊၂၀၁၅တွင်စတင်ရေးသားသည်။ နည်းပညာနယ်ပယ်မှဆရာများကိုလည်းလာရောက် ကူညီသင်ကြားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.......